အီရတ်နိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်း Iraqi Airways က အီရန်နိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲ
ဘဂ္ဂဒက် အောက်တိုဘာ ၁၁
အီရတ်နိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်း
Iraqi Airways က အီရန်နိုင်ငံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များကို
ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။
အီရတ်နိုင်ငံ နာဂျက်ဖ်နိုင်ငံတကာလေဆိပ်မှ
အီရန်နိုင်ငံ တီဟီရန်မြို့သို့ လေကြောင်းခရီးစဉ်အား ယမန်နေ့တွင် စတင်ပျံသန်းခဲ့သည်။
ဘဂ္ဂဒက်နှင့် ဝါရှင်တန်တို့အကြား
သဘောတူညီချက်အရ သတ်မှတ်ထားသည့် လေကြောင်းလမ်းကြောင်းများအတွက် သီးခြားကင်းလွတ်ခွင့်ရရှိခဲ့ပြီးနောက်
အီရန်သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်။
နည်းပညာပိုင်းဆိုင်ရာနှင့်
စည်းမျဉ်းစည်းကမ်းဆိုင်ရာ သတ်မှတ်ချက်များ ပြည့်မီပြီးနောက် နာဂျက်ဖ်မြို့မှ တီဟီရန်၊ မက်ရှ်ဟတ်နှင့် အစ္စဖာဟန်မြို့များအပါအဝင်
အီရန်နိုင်ငံရှိ အဓိကမြို့များသို့ နေ့စဉ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၄ ရက်က နာဂျက်ဖ်
နိုင်ငံတကာလေဆိပ်သို့ အီရန်နိုင်ငံ၏ Caspian Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဆိုက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်မှာ
ဘဂ္ဂဒက် နှင့် ဝါရှင်တန်တို့အကြား ချမှတ်ထားသည့် လေကြောင်းပြေးဆွဲမှုဆိုင်ရာ တရားဝင်သဘောတူညီ
ချက်အရ သီးခြားကင်းလွတ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက
အီရန်နိုင်ငံ၏ လေကြောင်းကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက် နာဂျက်ဖ်နိုင်ငံ
တကာလေဆိပ်သည် စက်တင်ဘာ ၂၅ ရက်မှစ၍ အီရန်နိုင်ငံသို့ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များအားလုံးကို
ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ဆင်ဟွာ

No comments