MFF U-16 ဖူဆယ်လိဂ်ပြိုင်ပွဲ VICTORIA အသင်း အမှတ်ပေးဇယား အဆင့်(၁)၌ ဆက်လက်ရပ်တည်
ရန်ကုန် အောက်တိုဘာ ၈
MFF U-16 Youth Futsal
League 2026 ဒုတိယအကျော့ ပွဲစဉ်(၁၃) ပြိုင်ပွဲများကို ယနေ့တွင် ရန်ကုန်မြို့ရှိ MFF
Futsal Stadium ၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ
VICTORIA အသင်းက MAR REIN အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ရမှတ် ၃၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁) နေရာကို ဆက်လက်ဦးဆောင်ခဲ့သည်။
ယနေ့ ပွဲစဉ်များတွင်
FFU MINMAHAW FC အသင်းက SHWE PYI THAR UTD FC အသင်းကို
ငါးဂိုး-တစ်ဂိုး၊ BUSHIDO FC က
TKA STAR အသင်းကို ငါးဂိုး-သုံးဂိုး၊
UNITED CITY အသင်းက JULLNISS အသင်း ကို နှစ်ဂိုး-တစ်ဂိုး၊ SGF YOUTH FC အသင်းက PACIFIC SUN
FAR FC အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့ပြီး
MAHAR BURMA နှင့်
AVENGERS JUNIOR အသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျကာ
တစ်မှတ်စီခွဲယူခဲ့ကြသည်။
ဒုတိယအကျော့ ပွဲစဉ်
(၁၃) အပြီးတွင် VICTORIA FC နှင့် SGF YOUTH FC က ၃၄ မှတ်စီ၊ MAHAR
BURMA အသင်းနှင့် FFU MINMAHAW အသင်းက ၂၅ မှတ်စီ၊ UNITED CITY FC က ၂၁ မှတ်၊
PACIFIC SUN FAR FC က ၂၀ မှတ်၊ JULLNISS FC က ၁၉
မှတ်၊ TKA STARS FC က ၁၅ မှတ်၊ BUSHIDO FC က ၁၀ မှတ်၊ SHWE PYI THAR UTD FC က ၃ မှတ်နှင့်
MAR REIN FC က တစ်မှတ် အသီးသီးရရှိထားသည်။
နေမျိုး၊
ဓာတ်ပုံ-MFF

No comments