MFF U-19 ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်မည်



ရန်ကုန် အောက်တိုဘာ ၂


MFF U-19 Youth Futsal League 2026 ပြိုင်ပွဲ၏ ဒုတိယအကျော့ အပတ်စဉ်(၁၂) ပွဲစဉ်များကို အောက်တိုဘာ ၃ ရက်တွင် MFF Futsal Stadium ၌ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပွဲစဉ်များအတွင်း အရေးကြီးသော ဆုံးဖြတ်ချက်များကို ပိုမိုတိကျစွာဆောင်ရွက်နိုင်ရန် Video Support စနစ်ကို အသုံးပြုသွားမည် ဖြစ်သည်။


အပတ်စဉ်(၁၂) နံနက်ပိုင်းပွဲစဉ်များအဖြစ် ၈ နာရီခွဲတွင် Royal Noka အသင်းနှင့် United City အသင်း၊ ၁၀ နာရီတွင် MIU FC နှင့် မင်္ဂလာဒုံစီးတီးအသင်း၊ ၁၁ နာရီခွဲတွင် Pacific Sun Far အသင်းနှင့် YCDC Dream Team အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။


မွန်းလွဲပိုင်းပွဲစဉ်များအဖြစ် မွန်းလွဲ ၁ နာရီတွင် JV FC နှင့် ULAD FC အသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် Gold Dream အသင်းနှင့် YRG FC အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့နောက် ညနေ ၄ နာရီတွင် ရွှေပြည်သာ ယူနိုက်တက်နှင့် Burmese Warriors အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။


ပထမအကျော့ အပတ်စဉ်(၁၁)အပြီးတွင် Pacific Sun Far FC က ၁၁ ပွဲကစား ၁၁ ပွဲနိုင် ရမှတ် ၃၃ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်၌ ဆက်လက်ဦးဆောင်နေပြီး MIU FC  ၂၈ မှတ် အဆင့်(၂)၊ YRG FC  ၂၈ မှတ် အဆင့်(၃-ဂိုးကွာခြားချက်)၊ YCDC Dream Team ၂၂ မှတ် အဆင့်(၄)၊ ULAD FC ၂၁ မှတ် အဆင့်(၅)၊  Gold Dream FC ၁၈ မှတ် အဆင့်(၆)၊ JV FC ၁၆ မှတ် အဆင့် (၇)၊ Royal Noka FC ၁၂ မှတ်ဖြင့် အဆင့်(၈)၊ United City FC ၉ မှတ် အဆင့်(၉)၊ ရွှေပြည်သာယူနိုက်တက် ၄ မှတ် အဆင့် (၁၀)၊ မင်္ဂလာဒုံ FC ၃ မှတ် အဆင့် (၁၁)နှင့် ရမှတ် ၁ မှတ်ရရှိသည့် Burmese Warriors FC က အဆင့် (၁၂)နေရာတွင် ရပ်တည်လျက်ရှိသည်။

နေမျိုး၊ ဓာတ်ပုံ-MFF

No comments

Powered by Blogger.