MFF U-19 လူငယ်လိဂ်ပြိုင်ပွဲ ဂိုးသွင်းအများဆုံး ကစားသမားငါးဦး

 


ရန်ကုန်   အောက်တိုဘာ   ၁၃

MFF U-19 Youth Futsal League 2026 ပြိုင်ပွဲ အပတ်စဉ်(၁၄) ပွဲစဉ်များအပြီးတွင် Pacific Sun Far အသင်း  တိုက်စစ်မှူး   Haemar Htay က သွင်းဂိုး ၂၇ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစာရင်း၏   ထိပ်ဆုံးနေရာ၌ ရပ်တည်လျက်ရှိသည်။

ထို့ပြင် YCDC Dream Team အသင်းမှ နိုင်လင်းထွန်းက သွင်းဂိုး ၂၃ ဂိုးဖြင့် ဒုတိယ နေရာ၌ရပ်တည်နေပြီး Pacific Sun Far FC အသင်းမှ အောင်ချမ်းမြေ့က သွင်းဂိုး ၂၀ ဖြင့် တတိယ၊ YRG FC အသင်းမှ  အောင်စီထက်က သွင်းဂိုး ၁၉ ဂိုးဖြင့် အဆင့်(၄)နေရာနှင့် YCDC Dream Team အသင်းမှ  မျိုးဂျက်က သွင်းဂိုး ၁၈ ဂိုးဖြင့် အဆင့်(၅)နေရာတွင် အသီးသီးရပ်တည်လျက်ရှိသည်။

နေမျိုး၊ ဓာတ်ပုံ-MFF

No comments

Powered by Blogger.