ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (Smart Village) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ




နေပြည်တော် အောက်တိုဘာ ၁၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (Smart Village) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့နယ် သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အောင်ကြီးနှင့် ကော်မတီဝင်များက ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။


ကွင်းဆင်းလေ့လာစဉ် ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများက သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ၊ ဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(Smart Village) အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ရှင်းလင်းတင်ပြမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက လိုအပ်သည်များ မေးမြန်းဆွေးနွေးတင်ပြကြပြီး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်၊ ဂျာနယ်များ ပေးအပ်လှူဒါန်းကြသည်။


ဆက်လက်၍ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း လမ်းတံတားလုပ်ငန်းများ ကိုလည်းကောင်း၊ ကျေးရွာရေရရှိရေးလုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများ၊ ကျေးရွာစာကြည့်တိုက်နှင့် ICT စင်တာ ဆောင်ရွက်ထားရှိမှု၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေဖြင့် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.