နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် သက်ကြီးပြေးခုန်ပစ် အားကစားသမားဟောင်းကြီးများအား လစဉ်ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်
နေပြည်တော်
အောက်တိုဘာ ၁၇
နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် သက်ကြီးပြေးခုန်ပစ် အားကစားသမားဟောင်းကြီးများအား လစဉ်
ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး
စခန်း(Gold Camp)ရှိ ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။
ချီးမြှင့်ပွဲတွင် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုများ
ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားဟောင်းကြီး ရှစ်ဦးကို လစဉ်
ထောက်ပံ့ကြေးငွေများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်တို့မှ
ပေးအပ်သည့် ဂုဏ်ပြု
ချီးမြှင့်ငွေများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက
ပေးအပ်ရာ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းကြီးများက လက်ခံရယူသည်။
ဆက်လက်၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမ
လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားသမား စုစုပေါင်း ၂၄၅ ဦးတို့အတွက် နန်းမြိုင်ကော်ဖီ၊ ရွှေဖီဦးလက်ဖက်ရည်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဒဂုံအချိုရည် (လီမွန်တီး)တို့ကို Myanmar Farmer Power Company Limited မှ ဗိုလ်မှူးကြီး(ငြိမ်း) သက်နိုင်ထွန်းက ပေးအပ်လှူဒါန်းရာ အားကစားနှင့် ကာယပညာ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက လက်ခံရယူသည်။
ထို့ပြင် လူငယ်လက်ရွေးစင်အားကစားအဖွဲ့အတွက် အသုံးအဆောင်ပစ္စည်းများကို အားကစားနှင့်ကာယပညာ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူတို့က
ပေးအပ်ရာ လူငယ်အားကစားအဖွဲ့ကိုယ်စား အားကစားသမားများက လက်ခံရယူပြီး ပဏာမလက်ရွေးစင်အားကစား
အဖွဲ့အတွက် အသုံးအဆောင်ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးက
ပေးအပ်ရာ ပဏာမလက်ရွေးစင်
အားကစားအဖွဲ့ကိုယ်စား အားကစားသမားများက လက်ခံရယူ၍ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား
ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်နှင့် လူငယ်
လက်ရွေးစင် အားကစားအဖွဲ့များအတွက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ နှင့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်တို့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ တို့ကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်တို့က လှူဒါန်းပေးအပ်ရာ အားကစားရေးရာ
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ယင်းအပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုများ
ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် အားကစားသမားဟောင်းကြီးများကိုယ်စား ရွှေတံဆိပ်ဆုရှင် ပြေးခုန်ပစ်အားကစားသမားဟောင်း ဦးသန့်စင်က ကျေးဇူးတင်စကား ပြောကြားပြီး စိတ်ဓာတ်ခွန်အားများ
ဖြစ်စေရန်အတွက် အားပေးစကား
ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments