ပထမအကြိမ် ဘင်းမ်စတက် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း (1st BIMSTEC MARITIME SECURITY EXERCISE) သို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အောင်ဇေယျ) ပြန်လည်ရောက်ရှိ
နေပြည်တော် နိုဝင်ဘာ ၆
အိန္ဒိယနိုင်ငံ၊ သီရိဝိဇယပူရမ်၊ အန်ဒမန်နှင့်
နီကိုဘာကျွန်းစု၌ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ
၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် ဘင်းမ်စတက် ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ
လေ့ကျင့်ခန်း (1st BIMSTEC MARITIME SECURITY EXERCISE) သို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ
ဗိုလ်ချုပ် ကျော်ကျော်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် စစ်ရေယာဉ် (အောင်ဇေယျ)သည်
ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊
အရာရှိ၊ စစ်သည်များနှင့် မိသားစုတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ပထမအကြိမ် ဘင်းမ်စတက် ပင်လယ်ရေကြောင်း
လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း (1st BIMSTEC MARITIME SECURITY EXERCISE) သို့ တက်ရောက်ရန်အတွက်
စစ်ရေယာဉ်(အောင်ဇေယျ)သည် အောက်တိုဘာ ၂၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ရာ
အိန္ဒိယနိုင်ငံ၊ သီရိဝိဇယပူရမ်၊ အန်ဒမန်နှင့် နီကိုဘာကျွန်းစုသို့ အောက်တိုဘာ ၂၉ ရက်
နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။
ချစ်ကြည်ရေးအားကစားပြိုင်ပွဲများယှဉ်ပြိုင်
အိန္ဒိယနိုင်ငံ၊ သီရိဝိဇယပူရမ်၊ အန်ဒမန်နှင့်
နီကိုဘာကျွန်းစုသို့ရောက်ရှိစဉ် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ အဖွဲ့ခေါင်းဆောင်နှင့်
အဖွဲ့ဝင်များသည် လေ့ကျင့်ခန်းဆိုင်ရာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ လေ့ကျင့်ခန်း
အမျိုးအစားအလိုက် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်မှုများအတွက် အကြိုညှိနှိုင်းခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ
ယှဉ်ပြိုင်ကစားခြင်း၊ လေ့လာရေးခရီးသွားရောက်ခြင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏
စစ်ရေယာဉ်များပေါ်သို့ သွားရောက်လေ့လာခြင်းနှင့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းများ
ဆောင်ရွက် ခဲ့ကြသည်။
စစ်ရေယာဉ်(အောင်ဇေယျ)သည် နိုဝင်ဘာ ၂
ရက်တွင် လေ့ကျင့်ခန်းဧရိယာသို့ ထွက်ခွာခဲ့ပြီး နိုဝင်ဘာ ၃ ရက်အထိ ပထမအကြိမ် ဘင်းမ်စတက်
ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းကို အိန္ဒိယနိုင်ငံ၊ သီရိဝိဇယပူရမ် အရှေ့တောင်
ရေပြင်တွင် ဆောင်ရွက်ခဲ့သည်။ လေ့ကျင့်ခန်းဧရိယာ အတွင်း စစ်ရေယာဉ်များ ပုံပြုမောင်းနှင်မှု
လေ့ကျင့်ခန်း၊ ASIS Boat များ မောင်းနှင်မှုလေ့ကျင့်ခန်း၊ လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်ခန်းနှင့်
ရေယာဉ်ကိုင်တွယ် ထိန်းသိမ်းမောင်းနှင်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပထမအကြိမ် ဘင်းမ်စတက် ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ဆိပ်ကမ်းအဆင့်အား
အိန္ဒိယ၊ မြန်မာနှင့် သီရိလင်္ကာ နိုင်ငံတို့က တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက
လေ့လာသူကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ပင်လယ်ပြင်အဆင့်တွင် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့က
စစ်ရေယာဉ် သုံးစင်း ပါဝင်လေ့ကျင့်ခဲ့သည်။
ပထမအကြိမ် ဘင်းမ်စတက် ပင်လယ်ရေကြောင်း
လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းသို့ တက်ရောက်ခဲ့သည့် စစ်ရေယာဉ်(အောင်ဇေယျ)၏ ရန်ကုန်
- အိန္ဒိယ - ရန်ကုန် ခရီးစဉ်သည် စုစုပေါင်းရေမိုင် ၁၀၅၉ မိုင်ခန့်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
%20%E1%80%85%E1%80%85%E1%80%BA%E1%80%9B%E1%80%B1%E1%80%9A%E1%80%AC%E1%80%89%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD(%E1%80%80%E1%80%80%E1%80%9B%E1%80%B1)(%E1%80%95%E1%80%AF%E1%80%B6)(%E1%81%86.%E1%81%81%E1%81%81.jpg)
No comments