AI Chatbot များ၏ အန္တရာယ်မှ အသက် ၁၈ နှစ်အောက်လူငယ်များကို ကာကွယ်ရန် နယူးယောက် ပြည်နယ် ဥပဒေပြဋ္ဌာန်း
နယူးယောက် နိုဝင်ဘာ ၁
ဉာဏ်ရည်တုနည်းပညာသုံး စကားပြောစက်ရုပ်များကြောင့် အသက်မပြည့်သေးသူများ ရင်ဆိုင်နေရသည့် အန္တရာယ်များကို ကာကွယ်နိုင်ရန်
ရည်ရွယ်သည့် ဥပဒေတစ်ရပ်ကို နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချူးလ်က လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
အဆိုပါဥပဒေအရ အသက် ၁၈
နှစ်အောက် အသုံးပြုသူများအတွက် လူသားတစ်ဦးကဲ့သို့ ဟန်ဆောင်ပြောဆိုခြင်း၊ စိတ်ပိုင်းဆိုင်ရာ
မှီခိုမှုဖြစ်ပေါ်စေခြင်း၊ မိမိကိုယ်ကို အန္တရာယ်ပြုရန် အားပေးခြင်းနှင့် လိင်ပိုင်းဆိုင်ရာစကားဝိုင်းများ
ပြုလုပ်ခြင်းစသည့် လုပ်ဆောင်ချက်များကို ကုမ္ပဏီများက တားမြစ် ပိတ်ပင်ရမည်ဖြစ်သည်။
ဥပဒေကို ချိုးဖောက်သည့်
ကုမ္ပဏီများအနေဖြင့် အမေရိကန်ဒေါ်လာ ၂၅၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရနိုင်ပြီး ပြည်နယ်ရှေ့နေ
ချုပ်က အရေးယူတောင်းဆိုနိုင်ကြောင်း သိရသည်။ ထို့ပြင်
Chatbot ကုမ္ပဏီများ၏ ဥပဒေချိုးဖောက်မှု ဖြစ်နိုင်ခြေများနှင့်ပတ်သက်၍
နယူးယောက်ပြည်နယ်နေ ပြည်သူများ တိုင်ကြားနိုင်မည့် အများပြည်သူသုံး ဝက်ဘ်ဆိုက်တစ်ခုကိုလည်း
ထူထောင်သွားမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရှိ
ပြည်နယ်အချို့သည် ကလေးသူငယ်များ Chatbot အသုံးပြုမှုကို
ကန့်သတ်ရန်နှင့် AI ကုမ္ပဏီများအပေါ် ဘေးကင်းလုံခြုံရေးဆိုင်ရာ
စည်းမျဉ်းများ ပိုမိုတင်းကျပ်စေရန် ဥပဒေများ ပြဋ္ဌာန်းလျက်ရှိသည်။
ဆင်ဟွာ

No comments