ကုန်သွယ်ရေး၊ ဉာဏ်ရည်တုနှင့် အခြားသောကိစ္စရပ်အများအပြားကို APEC ခေါင်းဆောင်များ ဆွေးနွေးမည်
ရှင်းကျန့် နိုဝင်ဘာ
၁၈
အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့
(APEC) ၏ ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ ရှင်းကျန့်မြို့၌ နိုဝင်ဘာ ၁၈
ရက် ညနေပိုင်းတွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးပြင်ပတွင် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ
အများအပြားကို ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။
အစည်းအဝေးမတိုင်မီ
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် APEC စီးပွားရေးလုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေး၌ စီးပွားရေးဆိုင်ရာ
ခေါင်းဆောင်များအား မိန့်ခွန်းပြောကြားရာတွင် APEC စီးပွားရေးအဖွဲ့ဝင်များအနေဖြင့်
စည်းမျဉ်းကိုအခြေပြုပြီး နိုင်ငံပေါင်းစုံပါဝင်ကာ လွတ်လပ်သော ကုန်သွယ်မှုစနစ်ကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း
ပြောသည်။ ရှီကျင့်ဖျင်သည် နိုဝင်ဘာ ၁၈ ရက်အစောပိုင်းတွင် ရုရှားနှင့် တောင်ကိုရီးယားသမ္မတတို့ကို
သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အာရှ - ပစိဖိတ်
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်ခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ဉာဏ်ရည်တုနှင့်
အခြားသောကိစ္စရပ် အများအပြားကို နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်တွင်
ပြုလုပ်ရန်လျာထားသည့် အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ရုရှားနိုင်ငံတို့အကြား ပထမဆုံးအကြိမ်
သုံးပွင့်ဆိုင်ထိပ်သီး အစည်းအဝေးအပေါ် ကမ္ဘာတစ်ဝန်းက အာရုံစိုက်စောင့်ကြည့်နေကြကြောင်း
သိရသည်။
အင်န်အိတ်ချ်ကေ

No comments