ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းသို့ ၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း ခရီးသွား လာရောက်မှု နှစ်ဆကျဆင်း
နိုဝင်ဘာ ၂
ကမ္ဘောဒီးယားနိုင်ငံ၏ကျော်ကြားသော အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သို့ ၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံတကာခရီးသွားလာရောက်မှုနှင့် ဝင်ငွေရရှိမှုနှစ်မျိုးလုံးတွင် နှစ်ဆကျဆင်းမှု ကြုံတွေ့ခဲ့ရသည်ဟု ယနေ့ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ထိုကာလအတွင်း နိုင်ငံခြားခရီးသွား ၅၆၆၇၁၄ ဦး ဝင်ရောက်ခဲ့ရာ ယခင်နှစ်က ခရီးသွားဝင်ရောက်မှုထက် ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇ သန်း ရရှိခဲ့ရာ ယခင်နှစ်ကထက် ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။
အောက်တိုဘာလတွင် နိုင်ငံတကာခရီးသွားလာရောက်မှုသည် ၅၆၁၈၆ ဦးသာရှိကာ ယခင်နှစ်ကထက် ၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံ နည်းပညာနှင့် သိပ္ပံတက္ကသိုလ်ရှိ တရုတ်-အာဆီယံလေ့လာရေးစင်တာ၏ လက်ထောက် ညွှန်ကြားရေးမှူး ထောင်မင်ဒါဗစ်က အွန်လိုင်းလိမ်လည်မှုကွန်ရက်များကို ဖျက်သိမ်းရန် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်မှုများကို ကိုးကား၍ လာမည့်နှစ်များအတွင်း နိုင်ငံအတွင်းသို့ လာရောက် လည်ပတ်သည့် ခရီးသွား အရေအတွက် ပြန်လည်မြင့်တက်လာမည်ဟု အကောင်းမြင်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အနောက်မြောက်ပိုင်း ဆီယမ်ရိပ်ပြည်နယ်တွင် စတုရန်းကီလိုမီတာ ၄၀၁ ကျယ်ဝန်းသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာသည် ကမ္ဘောဒီးယား၏ ခရီးသွားလုပ်ငန်းအဓိကအချက်အချာအဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် သမိုင်းဝင်ဥယျာဉ်တွင် ကိုးရာစုနှင့် ၁၃ ရာစုအကြား တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ၉၁ ခု ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments