ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်မြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ အောင်မြင်ဖြစ်ထွန်းမှုကြည့်ရှု
ပြည် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး
ပြည်မြို့နယ် ဝန်ဆင်ဆိပ်ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း မိုးနှောင်းချည်မျှင် ရှည်ဝါ ဧက
၂၀၀ အောင်မြင်ဖြစ်ထွန်းမှုကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ
ယမန်နေ့ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံကာ
လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့အတူ ပြည်မြို့နယ်
မှော်ဇာကျေးရွာအုပ်စု၌ ဆောင်းဟင်းသီး ဟင်းရွက်အထူးဇုန် တစ်ကွင်း တစ်ဆက်တည်း ဧက ၃၀၀
စိုက်ပျိုးအောင်မြင်နေမှု၊ တစ်ကွင်း တစ်ဆက်တည်း ဆီထွက်ပဲပုပ် စိုက်ခင်း ဧက ၁၅၀ စိုက်ပျိုး
အောင်မြင်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်မြို့နယ်
ငါးရွာကျေးရွာအုပ်စု၌ တစ်ကွင်း တစ်ဆက်တည်း ရေဆင်းပေါ်ဆန်း (၁) မျိုးစေ့ထုတ်စိုက်ခင်း
စုပေါင်းရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဆောင်းသီးနှံအတွက်
ပဲတီစိမ်း၊ မတ်ပဲ၊ ဆီထွက်ပဲပုပ်နှင့် နေကြာမျိုးစေ့များ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments