အီသီယိုးပီးယားနိုင်ငံက သုံးလအတွင်း ကော်ဖီတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၈၇၈ သန်းကျော် စံချိန်တင်ရရှိ



အဒစ္စအဘာဘာ နိုဝင်ဘာ ၉

 

ယခုဘဏ္ဍာနှစ်၏ ပထမသုံးလပတ်အတွင်း အီသီယိုးပီးယားနိုင်ငံ၏ စုစုပေါင်းကော်ဖီတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၈၇၈ သန်းကျော်ရရှိခဲ့ရာ ယမန်နှစ်ကထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ ယင်းသို့ ဝင်ငွေတိုးတက်လာခြင်းမှာ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် စံချိန်တင်ဝင်ငွေ ရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အီသီယိုးပီးယား ကော်ဖီနှင့် လက်ဖက်အာဏာပိုင်အဖွဲ့ (ECTA) က ကြေညာသည်။

 

ဇူလိုင် ၈ ရက်တွင်စတင်သည့် ၂၀၂၆-၂၀၂၇ အီသီယိုးပီးယားနိုင်ငံ ၏ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း တရုတ်နိုင်ငံဈေးကွက်သို့ ကော်ဖီ တန်ချိန် ၁၅၁၂၅ တန် တင်ပို့မှုမှ ဒေါ်လာ ၁၀၃ သန်းရရှိခဲ့ကြောင်း နိုဝင်ဘာ ၇ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သည့်သတင်းထုတ်ပြန်ချက်၌ အီသီယိုးပီးယားကော်ဖီနှင့် လက်ဖက်အာဏာပိုင်အဖွဲ့က ပြောကြားသည်။

 

ယင်းကာလအတွင်း အီသီ ယိုးပီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ကော်ဖီတန်ချိန် ၁၃၁၀၆၉ တန်ကျော် တင်ပို့ခဲ့ပြီး ဒေါ်လာ ၈၇၈ ဒသမ ၅ သန်း စံချိန် တင်ဝင်ငွေရရှိခဲ့ကြောင်း၊ ယင်းပမာဏသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း အီသီယိုးပီးယား ကော်ဖီနှင့်လက်ဖက်အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.