ဖီဖာဥက္ကဋ္ဌ နေရာအတွက် ကိုယ်စားလှယ်လောင်းသုံးဦး ပြိုင်ဆိုင်ရဖွယ်ရှိ
ဇူးရစ် နိုဝင်ဘာ
၁၉
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်
(FIFA) ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုနေရာကို ယှဉ်ပြိုင်ရန်အတွက်
ကိုယ်စားလှယ်လောင်းနှစ်ဦး ထွက်ပေါ်လာပြီဖြစ်သဖြင့် ယခုအခါတွင် FIFA ဥက္ကဋ္ဌနေရာအတွက်
သုံးဦးပြိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်သည်။ အမည်စာရင်းတင်သွင်းရန် နောက်ဆုံးရက်တွင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဖိလစ်ဒီယာလိုနှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ တာရှီ မာ ကိုဇိုတို့၏
အမည်စာရင်းများကို အင်ဖန်တီနိုနှင့်အတူ လက်ခံရရှိခဲ့ကြောင်း FIFA က ထုတ်ပြန်သည်။
အဆိုပါ ကိုယ်စားလှယ်လောင်းသုံးဦး၏
အရည်အချင်းပြည့်မီမှုကို FIFA ရွေးကောက်ပွဲကော်မတီက စိစစ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ခွင့်
အတည်ပြုခံရသူများ၏ အမည်စာရင်းကို လာမည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နောက်ဆုံးထား၍ အဖွဲ့ဝင်နိုင်ငံများထံ
အသိပေးမည်ဖြစ်သည်။
FIFA ဥက္ကဋ္ဌ ရွေးကောက်ပွဲကို
၂၀၂၇ ခုနှစ် မတ် ၁၈ ရက်တွင် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ
၂၁၁ နိုင်ငံက မဲပေးရွေးချယ်ကြမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ

No comments