မန်ယူနည်းပြသစ် ပိုချက်တီနို လာမည့် လီဗာပူးနှင့် ပွဲစဉ်ကို စတင်ကိုင်တွယ်မည်
မော်ရီစီယို ပိုချက်တီနိုသည်
မိုက်ကယ်ကာရစ်၏နေရာကို အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် နိုဝင်ဘာ ၂၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့်
လီဗာပူးအသင်းနှင့် ပွဲစဉ်ကို မန်ယူအသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း
သိရသည်။
အသက် ၅၄ နှစ်အရွယ်
အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် မန်ယူအသင်းနှင့် နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုရန်
သဘောတူညီမှု ရရှိပြီးနောက် နိုဝင်ဘာ ၁၈ ရက်တွင် မန်ယူအသင်း နည်းပြဖြစ်လာသည်။
ချယ်ဆီး၊ စပါး၊
ဆောက်သမ် တန်နည်းပြဟောင်း ပိုချက်တီနိုသည် အမေရိကန်က ဟေတီကို နှစ်ဂိုးပြတ်နိုင်ပွဲရရှိပြီးနောက်တွင်
ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် မန်ချက်စတာမြို့သို့ တိုက်ရိုက်ထွက်ခွာလာခဲ့ကြောင်း၊ ယင်းနောက်
မန်ယူအသင်း၏ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုနှစ်
ရာသီပရီမီယာလိဂ် ၁၀ ပွဲကစားပြီးချိန်တွင် တစ်ပွဲသာနိုင်ပွဲရရှိထားပြီး ရမှတ် ၈ မှတ်ဖြင့်
တန်းဆင်းဇုန်အတွင်း ရပ်တည်နေသည်။၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်အသင်းနည်းပြဖြစ်လာသော
ပိုချက်တီနိုသည် အမေရိကန်အသင်းကို ၂၀၂၅ ရွှေဖလားပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိ
ရောက်ရှိအောင် ကူညီပေးထားနိုင်သည်။ ထို့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အမေရိကန်အသင်းကို
၁၆ သင်း အဆင့်အထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားနိုင်သည်။
အောင်ဇော်

No comments