ရာသီဥတုဖောက်ပြန်မှုဒဏ်ခံနေရသည့် နိုင်ငံများကို နိုင်ငံတကာက ထောက်ပံ့မှုတိုးမြှင့်ရန် ကုလသမဂ္ဂတိုက်တွန်း
ဂျီနီဗာ နိုဝင်ဘာ
၁၉
ရာသီဥတုပြောင်းလဲမှုဒဏ်ကို
ပြင်းထန်စွာခံစားနေရသည့် ထိခိုက်လွယ်သော နိုင်ငံများအား နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်
ငွေကြေးထောက်ပံ့မှု ပိုမိုပေးအပ်ရန် ကုလသမဂ္ဂတာဝန်ရှိသူ တစ်ဦးက တိုက်တွန်းလိုက်သည်။
ယင်းတိုက်တွန်းချက်သည်
ဩဂုတ်လအတွင်း ရေကြီးရေလျှံမှုများကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နီပေါနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက်
အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇ ဘီလီယံ ကုန်ကျမည်ဟု နီပေါအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် ကုလသမဂ္ဂ
ရာသီဥတုဆိုင်ရာ ညီလာခံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများအတွက်
ရန်ပုံငွေထူထောင်ရန် နိုင်ငံများ သဘောတူခဲ့ကြသည်။ အဆိုပါရန်ပုံငွေမှ နီပေါနိုင်ငံအတွက်
အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆ သန်းကို ယာယီခွဲဝေ သတ်မှတ်ပေးထားသည်။
အင်န်အိတ်ချ်ကေ

No comments