၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၃
အလေးမအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့်
မျိုးဆက်သစ်အလေးမအားကစားသမား များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး
အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲကို
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးအားကစားရုံ၌ ဆက်လက် ကျင်းပသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်
အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီး (၇၇) ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ နန်းချယ်ရီဖူးက အမြန်မစံချိန် ၆၅ ကီလို၊ နှစ်ဆင့်မစံချိန် ၈၀ ကီလိုနှင့် စုစုပေါင်းစံချိန် ၁၄၅ ကီလိုဖြင့် ပထမ၊ ရှမ်းပြည်နယ်အသင်းမှ အုပ်ကိုင်းထွမ်းက အမြန်မစံချိန် ၆၁ ကီလို၊ နှစ်ဆင့်မစံချိန် ၈၁ ကီလိုနှင့်
စုစုပေါင်း စံချိန် ၁၄၂ ကီလိုဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မေလဲ့လဲ့ဝင်းလှိုင်က အမြန်မစံချိန် ကီလို ၆၀၊ နှစ်ဆင့်မစံချိန် ၈၁ ကီလိုနှင့် စုစုပေါင်း
စံချိန် ၁၄၁ ကီလိုဖြင့် တတိယရရှိခဲ့သည်။
ဆက်လက်၍ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ
ဝေယံဖြိုးက အမြန်မစံချိန် ကီလို ၁၀၀၊ နှစ်ဆင့်မစံချိန် ၁၃၆ ကီလိုနှင့် စုစုပေါင်း စံချိန်
၂၃၆ ကီလိုဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ရှိုင်းညီညီက အမြန်မစံချိန် ကီလို
၁၀၀၊ နှစ်ဆင့်မ စံချိန် ၁၃၅ ကီလိုနှင့် စုစုပေါင်းစံချိန် ၂၃၅ ကီလိုဖြင့် ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ
ဇင်မင်းအောင်က အမြန်မ စံချိန် ၉၅ ကီလို၊ နှစ်ဆင့်မစံချိန် ၁၃၁ ကီလိုနှင့် စုစုပေါင်းစံချိန်
၂၂၆ ကီလိုဖြင့် တတိယရရှိခဲ့သည်။ ယနေ့ပြိုင်ပွဲ၏ အမျိုးသား (၇၅)ကီလိုတန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဝေယံဖြိုးသည် မြန်မာနိုင်ငံအလေးမ
အဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး နှစ်ဆင့်မပြိုင်ပွဲ၏ စံချိန်
၁၃၄ ကီလိုထက် ကျော်လွန်၍ ၁၃၆ ကီလိုဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၏ စံချိန်သစ်တင်နိုင်ခဲ့သည်။
နိုဝင်ဘာ ၄ ရက် နံနက်
၁၀ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ကီလိုတန်းအလိုက် အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို
ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments