အဲဗာတန်အသင်းက နယူးကာဆယ်အသင်းကို ငါးရက်အတွင်း နှစ်ကြိမ်မြောက်နိုင်ပွဲရရှိ
အဲဗာတန်အသင်းဟာ ပရီမီယာလိဂ်ပွဲစဉ်(၉)ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂ ရက် ညပိုင်းက နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အဲဗာတန်အသင်းအတွက်
တစ်လုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်းပွဲကစားချိန် ၄၉ မိနစ်မှာ သီယာ နိုဘာရီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
သီယာနိုဘာရီဟာ အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ
ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုးရှစ်ဂိုးအထိသွင်းယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
အခုလို အနိုင်ရရှိခဲ့ခြင်းဟာ
အဲဗာတန်အသင်းအတွက် နယူးကာဆယ်အသင်းကို ငါးရက်တာကာလအတွင်း နှစ်ကြိမ် မြောက်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ အောက်တိုဘာ ၂၉ ရက်ကလည်း ကာရာဘောင်ဖလားပွဲစဉ်မှာ
နယူးကာဆယ်အသင်းကို သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
အဲဗာတန်အသင်းအနေနဲ့
နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ် ပွဲစဉ်(၉) ယှဉ်ပြိုင်ကစားပြီး ချိန်မှာ ရမှတ် ၁၃ မှတ် စုဆောင်းနိုင်ခဲ့ကာ
အမှတ်ပေးဇယားအဆင့်(၇)နေရာသို့ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့
အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယားအဆင့်(၁၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်

No comments