ဝမ်းတွင်းမြို့နယ်၌ စက်ရက်ကန်းဖလား အမျိုးသားအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 


ဝမ်းတွင်း     နိုဝင်ဘာ     ၄

မန္တ‌လေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြို့နယ်အားကစားကွင်း၌ စက်ရက်ကန်းဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ပြုလုပ်ရာ ဗိုလ်လုပွဲစဉ်အဖြစ်  ဘုရားစုအသင်းနှင့် မြောက်ဇဂျမ်းကုန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြောက်ဇဂျမ်းကုန်းအသင်းက   သုံးဂိုး- ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက်  ပထမဆုရရှိသည့်  မြောက်ဇဂျမ်းကုန်းအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ဘုရားစုအသင်းနှင့် တတိယဆုရရှိသည့်   ပဲခင်းကျော်အသင်းတို့အား  တာဝန်ရှိသူများကလည်းကောင်း ဆုများချီးမြှင့်ကြသည်။

ဆက်လက်၍ ဘောလုံးပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်သူများ၊ ပွဲစဉ်တစ်လျှောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူများကို  တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။        

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.