၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆက်လက်ကျင်းပ
ရန်ကုန် နိုဝင်ဘာ ၄
ဘိလိယက်နှင့် စနူကာအားကစားအဆင့်အတန်း
ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍
အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး
အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့
ပူးပေါင်း၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ရန်ကုန် တိုင်းဒေသကြီး
သင်္ဃန်း ကျွန်းမြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပလျက်ရှိသည်။
ယနေ့ ပွဲစဉ်များအဖြစ်
အမျိုးသား/အမျိုးသမီး စနူကာ 6-Red, စနူကာ 15-Red နှင့် 9 Ball Pool ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် စနူကာ
15-Red ပြိုင်ပွဲတွင်
မကွေးတိုင်းဒေသကြီးအသင်းမှ ကောင်းဇံထက်က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နိုင်ဝင်းကို
၃ ပွဲ ၁ ပွဲ ရလဒ်ဖြင့်လည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ညီညီမောင်က မန္တလေးတိုင်းဒေသကြီးအသင်းမှ မာန်ဟိန်းကျော်ကို
၃ ပွဲ ၁ ပွဲ ရလဒ်ဖြင့် လည်းကောင်း၊ စနူကာ 6-Red ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ ကိုကိုချစ်က
ချင်း ပြည်နယ်အသင်းမှ သျှံထွန်းအောင်ကို ၄ ပွဲ ၁ ပွဲ ရလဒ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ
မင်းစည်သူထွန်းက ရန်ကုန်တိုင်းဒေသကြီးအသင်းမှ
သူရဇော်ကို ၄ ပွဲ ၂ ပွဲ ရလဒ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ထို့အတူ အမျိုးသမီးပြိုင်ပွဲ
ပွဲစဉ်အဖြစ် 9 Ball Pool ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ
ခေါန်ဆန့်က မွန်ပြည်နယ် အသင်းမှ ဝင်းမာလာအောင်ကို ၅ ပွဲ ၃ ပွဲ ရလဒ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ
သက်ဝါဝင်းက မွန်ပြည်နယ်အသင်းမှ
သန္တာတိုးအောင်ကို ၅ ပွဲ ၂ ပွဲ ရလဒ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်
ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင်
မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments