M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် Falcon အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း သရေကျ
ရန်ကုန် နိုဝင်ဘာ ၄
၂၀၂၆ M-League
ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၂) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၄ ရက်က ဗဟန်းကွင်း၌ ကျင်းပရာ
Falcon အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းဖြစ်သော Falcon အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်း နှင့် ဂိုးမသွင်းနိုင်ဘဲ သရေရလဒ်ဖြင့်
ပြီးဆုံးခဲ့သည်။ ခြေစွမ်းပိုင်းအရ ကွာခြားမှုမရှိသလို နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်သော်လည်း
အဆုံးသတ်အားနည်းမှုကြောင့် သရေကျခဲ့ခြင်းဖြစ်သည်။
ပွဲစဉ်
(၂၂) အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၂၂ ပွဲကစား
၅၂ မှတ်၊ အား/ကာသိပ္ပံအသင်းက ၂၁ ပွဲကစား ၄၇ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက
၂၃ ပွဲကစား ၄၉ မှတ်၊ ရတနာပုံအသင်းက ၂၂ ပွဲကစား ၃၉ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၂၃ ပွဲကစား
၃၈ မှတ်၊ ရန်ကုန်စီးတီးအသင်းက ၂၂ ပွဲကစား ၃၇ မှတ်၊ Galaxy အသင်းက
၂၄ ပွဲကစား ၃၃ မှတ်၊ Falcon အသင်းက ၂၂ ပွဲကစား ၃၃ မှတ်၊ သစ္စာအားမာန်အသင်းက
၂၂ ပွဲကစား ရမှတ် ၃၀၊ ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းက ၂၂ ပွဲကစား ၂၁
မှတ်စီ၊ စစ်ကိုင်းယူနိုက်တက်အသင်းက
၂၁ ပွဲကစား ၁၈ မှတ်၊ မြဝတီအသင်းက ၂၂ ပွဲ ကစား ၁၀ မှတ်၊ Chinland အသင်းက ၂၂ ပွဲကစား ငါးမှတ်ရရှိထားသည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-M-League

No comments