အယ်လ်နီညို အပူဒဏ်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

 


မိုင်းခတ် နိုဝင်ဘာ ၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်၌ အယ်လ်နီညို အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာနှင့် မြို့မဈေးတို့တွင် ဖြန့်ဝေခဲ့သည်။

 

အဆိုပါ “အယ်လ်နီညို ရာသီဥတုဖြစ်ကာလဝယ် ကျန်းမာအောင်နေကြမယ်” လက်ကမ်းစာစောင်တွင် အယ်လ်နီညို၏ သက်ရောက်မှုများမှ အပူဒဏ်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ဖျက်အားပြင်းမုန်တိုင်း ဖြစ်ပေါ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က မြို့နယ်အတွင်း လူစည်ကားရာနေရာနှင့် မြို့မဈေးအတွင်းရှိ ပြည်သူများထံ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

နန်းနွယ်နီ(ပြန်/ဆက်)

No comments

Powered by Blogger.