မြန်မာအမျိုးသမီး ဖူဆယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပ
ရန်ကုန် နိုဝင်ဘာ
၉
၂၀၂၆-၂၀၂၇ ရာသီ
မြန်မာအမျိုးသမီး ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)ကို နိုဝင်ဘာ ၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ
MFF ဖူဆယ်အားကစားရုံ၌ စတင်ကျင်းပသည်။
ပွဲစဉ်(၁)တွင် ယူ-၁၉
အသင်းက ဒဂုံဆိပ်ကမ်းအသင်းကို ၁၄ ဂိုး-တစ်ဂိုး၊ YRG အသင်းက ရွိုင်ရယ် ပန်ထွာအသင်းကို
နှစ်ဂိုး - တစ်ဂိုး၊
ရိုးမအသင်းက ဘူရှီဒိုအသင်းကို ၁၄ ဂိုး - ဂိုးမရှိ၊ The Stars အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို
သုံးဂိုး - တစ်ဂိုး၊ Pacific Sun Far အသင်းက လှိုင်သာယာအသင်းကို ကိုးဂိုး - ဂိုးမရှိဖြင့်
အနိုင်ရရှိသည်။
ယခုရာသီ အမျိုးသမီးဖူဆယ်လိဂ်ပြိုင်ပွဲတွင်
အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်နေပြီး အသင်းသစ်အချို့လည်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
ကလပ်အသင်းအချို့မှာ နိုင်ငံခြားသား ကစားသမားများ ထည့်သွင်းအသုံးပြုလျက်ရှိပြီး အမျိုးသမီးဘောလုံးကလပ်
တည်ထောင်ထားသည့် အသင်းအချို့မှာ ဘောလုံးအသင်းမှ ကစားသမားအချို့ကို ထည့်သွင်းအသုံးပြု
လျက်ရှိသည်။
သတင်း - ရှိုင်းထက်ဇော်၊
ဓာတ်ပုံ - MFF

No comments