အောင်လံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
အောင်လံ နိုဝင်ဘာ
၉
မကွေးတိုင်းဒေသကြီး
အောင်လံမြို့နယ် တရော်ကုန်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် အောင်လံခရိုင်
စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ ခရိုင်အားကစားနှင့်
ကာယပညာကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ဘောလုံးအသင်းများမှ
တာဝန်ရှိသူများနှင့် အားကစားသမားများ၊ အထက(၁)မှ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့၊ ကျောင်းသားကျောင်းသူများနှင့်
ဒေသခံမိဘပြည်သူများ စုစုပေါင်းအင်အား ၁၇၀ ခန့် တက်ရောက်ကြသည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘောလုံးအသင်း
စုစုပေါင်းသုံးသင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ နိုဝင်ဘာ ၁၂ ရက်အထိ ဆက်လက်ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်ပြီး
ဖွင့်ပွဲနေ့တွင် အောင်လံ (က) အသင်းနှင့် ဆင်ပေါင်ဝဲအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း
သိရသည်။
အာကာ(ပြန်/ဆက်)

No comments