ကမ္ဘောဒီးယား၌ တရုတ်နဂါးလှေပြိုင်ပွဲကျင်းပ

 


ဖနောင်ပင်  နိုဝင်ဘာ  ၁

ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း  တကဲအိုပြည်နယ်တွင် တရုတ်နဂါးလှေပြိုင်ပွဲကို  အောက်တိုဘာ ၃၁ ရက်က   ကျင်းပခဲ့ရာ  ဒေသခံပေါင်းများစွာ တက်ရောက်အားပေးခဲ့ကြောင်း တကဲအိုပြည်နယ်အုပ်ချုပ်ရေးမှူး ဗေးဆမ်နန်က ပြောကြားသည်။ အဆိုပါ ပွဲတော်တွင် နဂါးလှေ ၃၆ စင်းနှင့်အတူ လှေထိုးသားရာပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါပွဲတော်တွင်နဂါးလှေ ပြိုင်ပွဲများအပါအဝင် ဂီတဖျော်ဖြေပွဲများ၊ ရိုးရာအနုပညာ ဖျော်ဖြေတင်ဆက်မှုများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာများ ပြသရောင်းချခြင်းတို့  ပါဝင်ပြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခု စီမံကိန်းမှ ထုတ်ကုန်များလည်း ပါဝင်ပြသခဲ့ကာ ညအချိန်တွင်  မီးရှူးမီးပန်းများ  ပစ်ဖောက်ခဲ့ကြောင်း  လူမှုမီဒီယာတွင် ၎င်းက ပြောကြားသည်။ 

နိုင်ငံတကာနှင့် ပြည်တွင်းမှ ခရီးသွားများအနေဖြင့် တက်ကြွပြီး ရှေးယခင်ကတည်းက တည်ရှိခဲ့သည့်   ယခုကဲ့သို့သော ရိုးရာယဉ်ကျေးမှုကို ခံစားနိုင်ရေးအတွက်  ပြည်နယ်အတွင်းသို့ လာရောက်မည်ဟု မျှော်လင့်ကြောင်း   ၎င်းက ပြောကြားသည်။

အဆိုပါ သမိုင်းဝင်လှေပြိုင်ပွဲများသည် ၁၁ ရာစုနှောင်းပိုင်း ရှေးခမာအင်ပါယာခေတ်က ခမာရေတပ်အင်အားကို  ဂုဏ်ပြုဖော်ညွှန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.