ဆိုမာလီယာ၌ နေရပ်စွန့်ခွာမှုများနှင့်အတူ လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်မြင့်တက်နေ
ဂျီနီဗာ နိုဝင်ဘာ
၁၈
ဆိုမာလီယာနိုင်ငံ၌
မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှုနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာမှုများ
ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များမှာလည်း ဆက်လက်မြင့်တက်နေကြောင်း
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က နိုဝင်ဘာ ၁၇ ရက်တွင်
ပြောသည်။
အမျိုးသမီးများ၊
ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် လက်ရှိတွင် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူ
၃ ဒသမ ၃ သန်းကျော် ရှိလာပြီဖြစ်ကြောင်း၊ ဇန်နဝါရီနှင့် စက်တင်ဘာအတွင်း လူပေါင်း ၈၀၀၀၀၀
ကျော် နေရပ်စွန့်ခွာခဲ့ကြရပြီး ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းခန့်မှာ မိုးခေါင်ရေရှားမှုကြောင့်ဖြစ်ကြောင်း
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ အချက်အလက်များကို ကိုးကား၍ OCHA က ပြောသည်။
ဒီဇင်ဘာလမတိုင်မီတွင်
အယ်လ်နီညိုနှင့်ဆက်နွှယ်သော ရေကြီးရေလျှံမှုများကြောင့် လူပေါင်းသိန်းနှင့်ချီ၍ နေရပ်စွန့်ခွာကြရဖွယ်ရှိကြောင်း
ခန့်မှန်းထားသည်။ ပြီးခဲ့သည့်တစ်လတည်းတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၇၅၀၀ ကျော်
နေရပ်စွန့်ခွာခဲ့ကြရပြီး လူပေါင်း ၁၇၀၀၀ မှာလည်း ဘေးဒဏ်သင့်ခဲ့ကြောင်း၊ ထို့ပြင် စက်တင်ဘာလနှင့်
အောက်တိုဘာလတွင် ဘေနှင့်ဘာရီဒေသများ၌ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၉၅၀၀ ခန့်လည်း
နေရပ်စွန့်ခွာခဲ့ကြရကြောင်း OCHA က ဖော်ပြသည်။
ဆင်ဟွာ

No comments