ကျွန်းစုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

 



ကျွန်းစု နိုဝင်ဘာ ၁၆


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် လိပ်ကြယ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။


ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးရာဇာဟိန်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြိတ်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများနှင့် သင်တန်းပို့ချမည့် အကြောင်းအရာများကို ဆက်လက် ပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ယူမည်ဖြစ်သည်။


သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြင့် သင်တန်းသူများအနေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုဆိုင်ရာ နည်းပညာနှင့် အသိပညာများ ရရှိလာစေပြီး မိမိတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်ကာ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.