၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန် စွာ အောင်မြင်ခဲ့ သည့် နေပြည်တော်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင် သား/ သမီး ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်



နေပြည်တော် ဇူလိုင် ၃၀


၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ သည့် နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင် သား/ သမီး ကျောင်းသား၊ ကျောင်းသူများ  ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၊ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်မှ အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့ဥက္ကဌများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ရှေးဉီးစွာ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက၊ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက အမှာစကားပြောကြားသည်။


ထို့နောက် နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက၊ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ပညာသင်ဆုနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။


ယင်းနောက် နေပြည်တော်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ကြီးကြပ်ရေး တာဝန်ခံ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်မှ ဘဏ္ဍာရေးမှူး ဗိုလ်မှူးချုပ် ရဲနိုင်မျိုး(အငြိမ်းစား) က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် လေးဘာသာ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဉီးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ကြီးဝင်းမြင့် (အငြိမ်းစား) က ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူ များကိုလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။


ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊  ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊  ဥတ္တရသီရိမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့များမှ တာဝန်ရှိသူများက  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ဂုဏ်ထူး ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။

(သတင်းစဉ်)

No comments

Powered by Blogger.