ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မိုးရာသီဌာနပေါင်းစုံ အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်အားပေး



​နေပြည်​တော်၊ ဇူလိုင် ၃၀


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီ ဌာနပေါင်းစုံ အမျိုးသား ဘောလုံး အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံး အားကစားကွင်း၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် ဝန်ထမ်းများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်ကိုယ်စားပြု ဘောလုံးအားကစားသမား နိုင်ငံ့ ဝန်ထမ်းများတက်ရောက်ကြသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပရိတ်သတ်များသည် စိုက်ပျိုးရေးဦးစီးဌာန အသင်း နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအသင်းတို့၏ ဗိုလ်လုယှဉ်ပြိုင်ကစားပွဲကို ကြည့်ရှုအားပေးကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက ဒုတိယဆုရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအသင်းနှင့် တတိယဆုရ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန အသင်းတို့ကိုလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုနှင့် အကောင်းဆုံး အားကစားသမားဆုများကိုလည်းကောင်း ပေးအပ်ကြသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပထမဆုရ စိုက်ပျိုးရေးဦးစီးဌာနအသင်းကို ပထမဆုဖလားနှင့် တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.