ရုရှား-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေး



နေပြည်တော်   ဩဂုတ်   ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Sergey Lavrov ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး      ကောင်စီရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့  တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ် ပြည့်မြောက် တော့မည်ဖြစ်၍  စိန်ရတုအခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေး၊  ရုရှား-မြန်မာ  နှစ်နိုင်ငံသည်  မိတ်ဆွေရင်း  ညီအစ်ကိုနိုင်ငံများ ဖြစ်သည့်အတွက်  သံတမန်ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် ရုရှားနိုင်ငံ၌ မြန်မာကောင်စစ်ဝန်ရုံး နှစ်ခု ထပ်မံဖွင့်လှစ်သွားမည့် အခြေအနေနှင့်         မြန်မာနိုင်ငံတွင်လည်း   ရုရှားကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့်     အခြေအနေ၊ အမြဲတမ်းမိတ်ဆွေနိုင်ငံ အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေ၊     ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်အချုပ်အခြာအာဏာ ပိုင်နိုင်ငံများဖြစ် သည့်အတွက်  မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပစွက်ဖက်မှုများမပါဘဲ မိမိတို့အစိုးရများက စီမံဆောင်ရွက်နိုင်သည့် အခြေအနေ၊  ရုရှား-မြန်မာ  ချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေး ခရီး အပြန်အလှန်လည်ပတ်ရေး၊  ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်ရေး၊  ကုန်သွယ်မှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အရပ်ဘက်၊ စစ်ဘက် ပညာတော်သင်များ ထပ်မံစေလွှတ်ရေးနှင့်  လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်များ တွင်     ပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့်ဒေသ တွင်း ဆက်ဆံရေးအခြေအနေများ။


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မစတင်မီကတည်းက အာဏာရပါတီအနေဖြင့် အသာစီး ရရှိစေရေး နည်းပညာပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတို့တွင် ကြိုတင်အခြေအနေ   ဖန်တီးခဲ့သည့် ကိစ္စရပ်များ၊ ရွေးကောက်ပွဲအပြီး မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်မှဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှု အခြေအနေ၊ ရွေးကောက်ပွဲ မဲမသမာမှုနှင့်ပတ်သက်၍  ဥပဒေအရ  ဖြေရှင်းရန်ဆောင်ရွက်ပေးခဲ့သော်လည်း အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့သည့်အခြေအနေ၊ အကြမ်းဖက်လုပ်ရပ်မှတစ်ဆင့် မိုင်းထောင်ဖောက်ခွဲ၊  လုပ်ကြံ သတ်ဖြတ်မှုများ ပြုလုပ်လာသူများအား တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ခဲ့မှုများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်း ရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေ၊    နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊    လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ  ရရှိချိန်တွင်  ရှေ့လုပ်ငန်းစဉ်နှင့်အညီ    ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်   ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး  ဆွေးနွေးကြ သည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်   တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဒုတိယ ဝန်ကြီး H.E. Mr. Igor Morgulov ၊ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။


မြန်မာနိုင်ငံနှင့်   ရုရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် (၇၅) နှစ်ပြည့် မြောက်တော့မည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား စီးပွားရေးဆိုင်ရာကုန်သွယ်မှုကိစ္စရပ်များ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို   ပိုမိုမြှင့်တင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုနိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံသည့် ရုရှား နိုင်ငံခြားရေးဝန်ကြီးသည် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး     တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments

Powered by Blogger.