အုတ်တွင်းမြို့နယ်၌ လူသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး



အုတ်တွင်း  သြဂုတ်  ၃


ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၂ နာရီက ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန်ညွှန်းအမှတ်အသားများ၊ အလေးချိန်ပါဝင်မှု ပြည့်စုံခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် ဖြန့်ဖြူးရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး စသည့် ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော ကုန်ညွှန်း အမှတ်အသားနှင့် အလေးချိန် ပါဝင်မှုပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံပါရှိမှသာ ရောင်းချသွားရန် စျေးရောင်းချသူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments

Powered by Blogger.