တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံ ၊ မော်တော်ယာဉ်ဆက်စပ်ပစ္စည်းနှင့် ယန္တရားအပိုပစ္စည်းများ ဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ ၂၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း တရား၀င်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၃၇,၂၁၄,၄၆၄ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့် ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိန်စမ်းကျော့နယ် စပ်ဂိတ်အနီးတွင် မော်တော်ယာဉ် (၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထား သည်ထက် ပိုမိုတင်ဆောင်လာသော စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ မော်တော်ယာဉ်ဆက်စပ်ပစ္စည်းများနှင့် ယန္တရားအပိုပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၇၃၁,၃၈၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ယင်းအပြင် နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က ခရီးသည် ဝန်စည်များအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရား၀င် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကွန်ပျူတာဆက်စပ်ပစ္စည်းများနှင့် မိုဘိုင်းလ်ဖုန်း(အဟောင်း) (၄၇)လုံး ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၇၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၂၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ် (၁)စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်တာယာများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၅၀,၀၀၀ ကို လည်းကောင်း၊ မြဝတီ(OSS) ကုန်သွယ်ရေးဇုန်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် စက်ဘီး (အဟောင်း) (၁၅၀)စီး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၉၄,၀၅၀ ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၄၄,၀၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် နိုဝင်ဘာ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင် တို့အတွင်း တရားမဝင် ကျွန်းသစ်နှင့်သစ်မာ (၆၈ ဒသမ ၇၈၉၂)တန် ၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၁၅၃,၉၈၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၉၂,၈၄၃,၈၈၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
No comments