နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ဖျာပုံ- ကျုံကဒွန်း- ဒေါ်ညိမ်း- အမာလမ်းပေါ်ရှိ ဒေးဒလူတံတားဖွင့်ပွဲ အခမ်းအနား တက်ရောက်



နေပြည်တော် ဒီဇင်ဘာ  ၂၉ 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ် ဖျာပုံ-ကျုံကဒွန်း-ဒေါ်ညိမ်း-အမာလမ်း ပေါ်ရှိ ဒေးဒလူတံတားဖွင့်ပွဲ အခမ်း အနားကို  ယနေ့ နံနက်၈နာရီခွဲတွင် အဆိုပါ တံတားအနီးမင်္ဂလာမဏ္ဌပ်၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့် တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင် က နိုင်ငံတော်အစိုးရ အနေဖြင့်  တိုင်းဒေသကြီး / ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် လူတန်းစေ့နေနိုင်ရန် အခြေခံအဆောက်အဦဖြစ်သော ပို့ဆောင်ဆက် သွယ်ရေး ကဏ္ဍတွင် ပါဝင်သည့် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း လမ်း၊ တံတားများ ကောင်းမွန် ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊  လမ်းပန်းဆက် သွယ်ရေး    ကောင်းမွန်ပြီး     လုံခြုံချောမွေ့မှသာ     တိုင်းရင်းသားပြည်သူများ အပြန် အလှန်ကူးလူး ဆက်သွယ် သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း။


ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် လိုအပ်ချက်များထဲမှ လမ်းပန်းဆက်သွယ် ရေး လွယ် ကူလျှင်မြန်ခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် မြို့ပြဒေ သများ သာမက ဝေးလံခေါင်းပါးသည့်ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း များ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှု မရှိစေ ရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အရည်အသွေးကောင်းမွန်ရေး၊ ဒေသအတွက် အကျိုးဖြစ် ထွန်းမှု ရှိ/မရှိ ထောက်ပြဝေဖန် ပေးကြပါရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုကြောင်း။

  

ဧရာဝတီတိုင်းဒေသကြီးသည်   ဧရာဝတီမြစ်၏   မြစ်ဝ ကျွန်းပေါ် ဒေသဖြစ်သည်နှင့်အညီ မြန်မာပြည်၏ ဆန်စပါး အဓိကထွက်ရှိရာဒေသကြီးလည်း ဖြစ် ကြောင်း၊ မြေဆီဩဇာကြွယ်ဝသော မြေနုကျွန်းများ ဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းပြီး ရေထွက် ပစ္စည်း လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေချိုငါးဖမ်းလုပ်ငန်း၊ ပင်လယ် ငါးဖမ်းလုပ်ငန်း၊ ဆားလုပ်ငန်း၊ သင်ဖြူးသင်ဖျာလုပ်ငန်းနှင့် နိုင်ငံခြားဧည့်သည်များ စိတ်ပါ ဝင်စားသည့် ပုသိမ်ထီးလုပ်ငန်းများ တည်ရှိသော တိုင်းဒေသကြီးဖြစ်ကြောင်း၊ ယခင်လမ်းပန်းဆက် သွယ်ရေးအနေဖြင့် ရေကြောင်း လမ်းကိုသာ အဓိက အားထားခဲ့ရသော်လည်း ယခုအခါ တိုင်းဒေသကြီး၏ ဒေသအသီးသီးသို့ ကုန်းလမ်း ခရီးဖြင့် အချိန်တိုအတွင်း လွယ်လင့်တကူသွားလာနိုင်ရန်အတွက် လမ်းများဖောက် လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် တံတားများတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယနေ့ ဖွင့်လှစ်လိုက် သည့် ဒေးဒလူတံတားသစ်ကြီးသည် ယခင်က တည်ဆောက်ထားပြီး ခံနိုင်ဝန် (၅) တန်သာရှိ သည့် ပေ (၄၀၀) အရှည်ရှိ တစ်လမ်းမောင်း ဘေလီတံတားအစား ယာဉ်တစ်စီးချင်း ခံနိုင်ဝန်တန် (၆၀) ရှိသည့် သံကူကွန်ကရစ် တံတားသစ်ကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတည် ဆောက် ပြီးစီး ခဲ့ သည့် ဒေးဒလူတံတားသည် အရှည် ပေ  (၈၇၀) ရှိပြီး ယာဉ်သွားလမ်း အကျယ် (၂၄ ပေ) သံကူကွန် ကရစ် တံတားဖြစ်ပါကြောင်း စုစုပေါင်း ငွေကျပ် သန်း(၄၂၈၀)ဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒေးဒလူတံတား ကြီးကို ဖွင့်လှစ်လိုက် သည့်အတွက် အမာမြို့နယ် မှ ဖျာပုံ မြို့နယ်နှင့် ပုသိမ်မြို့များကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး အဆိုပါဒေသထွက် ကုန်များ ကို ရန်ကုန်မြို့သို့ ပို့ဆောင်၍ ပြည်ပနိုင်ငံ များအထိ တင်ပို့ရောင်းချသွား နိုင်မည် ဖြစ်သည့် အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဤတံတားကြီး ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသခံပြည်သူများနှင့် အတူ ဝိုင်းဝန်း ထိန်းသိမ်း‌ စောင့်ရှောက်သွားမည ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက  ဒေးဒလူတံတား တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဒေးဒလူတံတားကြီး တည်ဆောက်မှုနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည် ။

ထို့နောက် တံတားဖွင့်ပွဲအခမ်းအနား အပိုင်း(၂) အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း တို့က တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒေးဒလူတံတား ကမ္ဗည်း မော်ကွန်းကျောက်စာတိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ 


ယင်းနောက် ဧည့်သည်တော်များက ဒေးဒလူတံတား ကမ္ဗည်း မော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပြီး တံတားပေါ်သို့ ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.