၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး ကျောင်းသားကျောင်းသူများ၊ လူငယ်များနှင့်ကလေးများ၊ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသူများဖြင့် အထူးစည်ကား




နေပြည်တော် ဒီဇင်ဘာ ၂၉


၂၀၂၃ ခုနှစ် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနု ပညာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာန- ၂၌ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်း သား ကျောင်းသူများ၊လူငယ်များ၊ ကလေးများနှင့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ကပြဖျော်ဖြေကြမည့် ယဉ်ကျေးမှုအက အဖွဲ့များ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြည့်ရှုကြသဖြင့် အထူးစည်းကား ခဲ့သည်။ 

 

ယနေ့သည် ပြပွဲနောက်ဆုံးနေ့ ဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန် ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ၊ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း တို့မှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာ ပေးပြခန်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအသိ ပညာပေးပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေး ပြခန်း၊ သစ်တောသစ်ပင်ဆိုင်ရာ အသိပညာပေးပြခန်း၊ နည်း ပညာ တက္ကသိုလ် များ၏ ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှု ပြခန်းများ၊ ကိုဗစ် - ၁၉ ကပ် ရောဂါဆိုင်ရာအသိ ပညာပေးနှင့် ဆေးလိပ်/ ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်း အန္တရာယ် အသိ ပညာ ပေးပြခန်းတို့ကို စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုသူများဖြင့် အထူးစည်ကားခဲ့ သည်။

ပြပွဲမျက်နှာစာရှေ့၌ နေပြည်တော်ရဲတပ်ဖွဲ့က “မူးယစ်ဆေးဝါးကင်းစင်ဖို့ အသိ ပညာဖြန့်ဝေစို့” ဆောင်ပုဒ်ဖြင့် မှုခင်းအသိပညာပေးပြခန်းယာဉ်ကို ပြသထားရှိ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်းရည် တိုး တက်မြင့်မားရေးဆောင်ရွက်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကာတွန်းပုံများ၊ လောင်းကစားပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သောဥပဒေ နှင့် ပြစ်မှုပြစ် ဒဏ်များ၊ လူကုန်ကူးမှုပြစ်မှုပြစ်ဒဏ်များကို ပြသထားသည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ အသုံးပြုလျှက်ရှိသည့် အထူးလုံခြုံရေးသုံးအထောက်အကူပစ္စည်းကိုလည်း ပြသထားရာ ကျောင်းသား၊ ကျောင်းသူ များနှင့် လူငယ်များ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြ သည်။

ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရေကြောင်းပြခန်းတွင် ရေယာဉ်မောင်းနှင်မှုသရုပ်ပြကွက်၊ သင်္ဘော Model ပုံစံငယ်များပြကွက်၊ ရေယာဉ်တည် ဆောက်သည့်အချိန်တွင် အသုံးပြုသည့် ဂဟေဆက်ခြင်း သရုပ်ပြကွက်၊ လေအားဖြင့် မောင်နှင်သည့် အင်ဂျင်ပုံစံငယ်ပြကွက်၊ သုသေသနပြုလုပ်ထားသည့် ရေငုပ်သင်္ဘော ပုံစံငယ် ပြကွက်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းပုံစံငယ်ပြကွက်၊ အယောက်၂၀ စီး အသက်ကယ်လှေတွင် ပါဝင်သည့် ပစ္စည်းများ ပြကွက်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ ခရီးသည်ဆိပ်ကမ်းပုံစံငယ်ပြကွက်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာနမှ သုသေသနစာတမ်းများ၊ ရေထုထည်စီးနှုန်းတိုင်းကိရိယာ၊ ဂြိုလ်တု အခြေပြု တည်နေရာ အနိမ့်အမြင့်တိုင်းကိရိယာတို့ကို ပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် စိန်ရတုလွတ် လပ်ရေးနေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ပါဝင်ကပြ ဖျော်ဖြေကြမည့်  ယဉ်ကျေးမှုအကအဖွဲ့များဖြင့် စည်ကားလျက်ရှိသည်။


အလားတူ ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနပြခန်းတွင် ဒီဇယ်အင်ဂျင်သုံး အမောင်းစနစ် ဖြတ်ပိုင်းပုံစံငယ်ပြကွက်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးရုပ်ပြများ၊ ခေတ် အဆက်ဆက် သုံးပြုခဲ့သည့် ယာဉ်ပုံစံငယ်များပြကွက် တို့ကိုလည်းကောင်း မြန်မာ့မီးရထား ပြခန်းတွင် ရန်ကုန်မြို့ပတ်ရထားလမ်း၊ ရထားပြေးဆွဲမှု ပုံစံငယ်ပြကွက်၊ ဒီဇယ်လျှပ်စစ် ခေါင်းပုံစံငယ်၊ ရေနွေးငွေ့စက်ခေါင်းပုံစံငယ်၊ တွဲရွေ့စက်ခေါင်းပုံစံငယ်၊ ကျောက်တင်ဘိုဂီတွဲ ပုံစံငယ်၊ ကုန်တင်ဘိုဂီတွဲပုံစံငယ်တို့ကို ခင်းကျင်းပြသထားရာ လာရောက်လေ့လာကြည့်ရှုကြ သူများ စိတ်ဝင်တစားလေ့လာကြည့်ရှုကြသည်ကို တွေ့ရသည်။ 


ဆိုက်ဘာလုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့်အသိပညာ ပေးပိုစတာများပြသခြင်း ၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ် သက်သည့် အခြေခံပညာ၊ တက္ကသိုလ်၊ ပညာရှင်အဆင့် ဉာဏ်စမ်းပဟေဠိမေးခွန်းများကို ဖြေဆိုကြသူများဖြင့် စည်ကားလျက်ရှိသည်။


 မြန်မာ့ဆက်သွယ်ရေး ပြခန်းတွင် ပြပွဲသို့လာရောက်လေ့လာကြည့်ရှုသူများကို MPT Sim Card မှတ်ပုံတင်ခြင်း၊ MPT Pay Account ဖွင့်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေး လျက်ရှိသည်ကိုလည်း တွေ့ရသည်။ 


အဆိုပါပွဲတော်ကြီးသို့ လာရောက်လေ့လာဆင်နွှဲကြသည့် ကျောင်းသား ကျောင်း သူများ၊ လူငယ်များနှင့် ကလေးငယ်များ ဗဟုသုတတိုးပွားစေရန်နှင့် ပျော်ရွှင်စေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ပတ်သက်သည့် ဉာဏ်စမ်း ပဟေဠိ၊ ၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော ပဟေဠိ၊ ကျန်းမာရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိနှင့် ကြီးမြတ်သော မြန်မာ 3D ရုပ်ရှင်ဇာတ်ကားအဖွဲ့သားများ၏ ပျော်ရွှင်စရာ ဉာဏ်စမ်းကမ္ဘာအစီ အစဉ်များတွင် ကျောင်း သားကျောင်းသူများ၊ လူငယ်များနှင့် စိန်ရတုလွတ် လပ်ရေးနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုပါဝင်ကပြ ဖျော်ဖြေကြမည့် ယဉ်ကျေးမှု အက အဖွဲ့များက စိတ်အားထက်သန်စွာ ဝင်ရောက်ဆော့ကစား၍ ကစားနည်းအလိုက် အနိုင်ရရှိသူ များကိုလည်း ဆုများပြန်လည် ချီးမြှင့်ပေးခဲ့ရာ ပျော်ရွှင်စရာအစီအစဉ် ကောင်းတစ်ခုအဖြစ် တွေ့မြင်ရသည်။


ပြပွဲတွင်အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး 3Dရုပ်ရှင်ဇာတ် ကားကြီးဖြစ်သော ကြီးမြတ်သောမြန်မာ မှတ်တမ်းရသရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်စွာ ရိုက်ကူးနိုင်ရန်အတွက် အသုံးပြုခဲ့သည့် ရိုက်ကူးရေးသုံးနည်းပညာပစ္စည်းများ၊ ရိုက်ကွင်းကြို တင်ပြင်ဆင်မှုများ၊ ရိုက်ကွင်းပုံရိပ်များကို ပြည်သူများသိရှိနိုင်စေရန် ပြသထားရာလာ ရောက် လေ့လာကြသူများက ရိုက်ကူးရေးသုံးပစ္စည်းများနှင့် အမှတ်တရဓာတ်ပုံများရိုက်ကြပြီး ပြကွက် များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုလည်း အနုပညာရှင်များက လိုက်လံ ရှင်းလင်း ပြသကြသည်ကို တွေ့ရသည်။ 


ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန် အစားအစာနှင့် အမှတ်တရပစ္စည်းအ ရောင်းပြခန်း၌လည်း ပုသိမ်ထီး လက်တွေ့ပြုလုပ်ပုံအဆင့်ဆင့်ကို လက်မှုပညာရပ် တစ်ခု အနေဖြင့် ပြသပြီး ဒေသထွက်အစားအစာများဖြစ်သော ပုသိမ်ဟာလဝါ၊ ခြံထွက်နွားနို့၊ ဒိန်ချဉ်၊ ငှက်ပျောကြော် နှင့် ပုသိမ်ထီးများကိုလည်း ရောင်းချခဲ့ရာ လာရောက်အား ပေး ဝယ်ယူသူ များဖြင့်လည်း စည်ကားလျက်ရှိသည်။ 

ယခုကျင်းပခဲ့သည့် လူငယ်နှင့်စာပေအနုပညာပြပွဲအား ကျောင်းသား၊ ကျောင်းသူများ နှင့်လူငယ်များ စာအုပ်စာစောင် များကို တန်ဖိုး ထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင် စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့်  မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မား စေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊  ကိုလိုနီ လက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ် ရေးကို လေးစား တန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှ တစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည် ငြိမ်မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများ ကိုသိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်များ အပေါ်မြတ်နိုး တန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များကို အလွယ်တကူ သိမြင်နိုင် စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ ခြင်းဖြစ်သည်။ 


သတင်း - ဟိန်းမင်းစိုး၊ သန်းမင်းအောင်/ဓာတ်ပုံ-ကိုကြီးထိန်


No comments

Powered by Blogger.