အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ



နေပြည်တော်  ဒီဇင်ဘာ ၂၉


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှု အဖွဲ့၏ (၁/၂၀၂၂) အစည်းအဝေးကို  ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘဏ်များ အသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။


ဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင်   ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဥပဒေနှင့်အညီ ရန်ပုံငွေတစ်ရပ်တည် ထောင်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အ‌သေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုး ရေးရန်ပုံငွေကို ဥပဒေနှင့်အညီ နိုင်ငံတော်၏ထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပငွေကြေး အဖွဲ့အစည်း များမှ အကူအညီ ရရှိငွေ၊အလှူရှင်များကလှူဒါန်းငွေ၊ မိမိဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ဆောင်ခရရှိ ငွေတို့နှင့် ထူထောင် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေထူထောင်နိုင်ရန် နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေ၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ကျပ် ၁၇၀ ဘီလီယံ ကိုလျာထား ခွင့်ပြုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်လည်းရရှိပြီးဖြစ်၍ ရန်ပုံငွေသို့ထည့် ဝင်ရန် အဆင်သင့်ရှိနေပြီ ဖြစ်ပါကြောင်း၊ ရန်ပုံငွေအား အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ်ချေးရေး အတွက် ဦးစားပေးသုံးစွဲမည်ဖြစ်ပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များကိုလည်း သုံးစွဲနိုင် ပါကြောင်း အစည်းအဝေးသို့ တက်ရောက်လာကြသည့်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ အနေဖြင့် ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် SME ဥပဒေပုဒ်မ ၂၀ ပါ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်း တာဝန်များကို အခြေခံ၍ ပြင်ဆင်ထားရှိရန် လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်ကြရမည့်ကိစ္စများ၊ ရှေ့ဆက်ဆောင်ရွက် ကြမည့် လုပ်ငန်းစဉ်များအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန်ဖြစ်ပါ ကြောင်းပြောကြားသည်။


ဆက်လက်၍ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အထောက်အကူပြုလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်မည့်အစီအစဉ် (မူကြမ်း) နှင့် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြလာသည့် ရန်ပုံငွေဆိုင်ရာ အဆိုပြုအမှာစာ (၆) စောင်တို့ကို အတည်ပြုနိုင်ရေးအတွက် ရှင်းလင်းတင်ပြမှုအပေါ် အစည်းအဝေးတက်ရောက် သူများက ဝိုင်းဝန်းဆွေး နွေးဆုံးဖြတ်ကြသည်။


MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကိုSME ဥပဒေနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့တို့ နှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။  


(သတင်းစဉ်)


No comments

Powered by Blogger.