၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကိုယ်ပိုင်ကျောင်းများ ပညာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၂၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကိုယ်ပိုင်ကျောင်းများ ပညာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စွာသွင်၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ ကိုယ်ပိုင်ကျောင်း တည်ထောင် သူများနှင့်ကျောင်းကြီး ကြပ်အုပ်ချုပ်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီး က  ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူမှုအခွင့်အလမ်းရရှိ စေရန်နှင့် နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း မြင့်မားလာ စေရန် အထူးအလေးပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းနေ ရေးနှင့် အနည်းဆုံးKG+ 9 ပြီးဆုံးအောင် ပညာသင်ယူနိုင်ရေး၊ ပညာတတ်များ ပေါများရေးနှင့် သင်ကြား သင်ယူမှု အရည်အသွေးမြင့်မား ရေးကို ဦးစားပေး မူဝါဒချမှတ်အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ 

နိုင်ငံတော်၏ လူမှုစီးပွားတိုးတက်ရေးအတွက် ကိုယ်ပိုင်ကျောင်းတည်ထောင်သူများမှ တစ်တပ်တစ် အား ပါဝင်ဆောင်ရွက်ခြင်းဖြင့် (Public-Private Partnership )  ပုဂ္ဂလိက အစိုးရပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြင့် မားစေရန်လည်းရည်ရွယ်ပါကြောင်း၊ ကောင်းမွန်သောပြိုင်ဆိုင်ခြင်းသည် တိုးတက်မှု အထောက်အကူ ပြုသောကြောင့် အခြေခံ ပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ ကောင်းမွန်သော ပြိုင်ဆိုင်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် သင်ကြားသင်ယူမှုများ ပိုမိုတိုးတက် ကောင်းမွန်လာရန် ရည်ရွယ်၍ ကိုယ်ပိုင်ကျောင်းများ နည်းဥပဒေ လုပ်ထုံးလုပ်နည်းအရ ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများ အနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ၍ နိုင်ငံတော်၏ မူဝါဒ၊ ပညာရေးမူဝါဒနှင့် ဥပဒေ၊ နည်း ဥပဒေများကို လိုက်နာဆောင်ရွက်ရန်နှင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေနှင့်အခါအား လျော်စွာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်ပြောကြားလိုပါကြောင်း ပြောကြားသည်။


ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး(ပညာ) ဒေါ်ချိုချိုဝင်းက ကိုယ်ပိုင် ကျောင်းများတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ၊ သိပ္ပံခန်းသုံးပစ္စည်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီး၊ပြည်နယ်ပညာရေးမှူးရုံးများမှ ကိုယ်ပိုင် ကျောင်းများ သက်တမ်းတိုးမှု များအတွက် ယာယီစံသတ်မှတ်ချက်များကို ရှင်းလင်းတင်ပြပြီး အခြေခံ ပညာဦးစီးဌာန၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်ဌာန-၂မှ ညွှန်ကြား ရေးမှူး ဒေါ်သင်းနုနုစိန်က ကြီးကြပ် အကဲဖြတ်မှုဆိုင်ရာလုပ်ငန်းများအား ဆွေးနွေး ပြောကြားသည်။


မွန်းလွဲပိုင်းတွင်ကိုယ်ပိုင်ကျောင်းတည်ထောင်သူများဖြစ်သည့် ဦးမြသန်းဝင်း(မကွေး)၊ ဒေါ်သင်းပျံ့ကြူ (မန္တလေး)၊ ဦးအောင်ဘသိန်း(ဧရာဝတီ)တို့က ကိုယ်ပိုင်ကျောင်းနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြပြီး ယင်းနောက် ကိုယ်ပိုင်ကျောင်းတည်ထောင်သူများကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင် ကျောင်းများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ကျေးဇူးတင်စကား ပြောကြားသည်။


ယင်းနောက် ဒုတိယညွန်ကြားရေးမှူးချုပ်က နှုတ်ဆက်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.