(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အခွန်အယူခံခုံအဖွဲ့ အဆောက်အအုံသစ်ဖွင့်လှစ်



နေပြည်တော် ဒီဇင်ဘာ ၂၃


(၇၅)နှစ်မြောက်    စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုသော အားဖြင့်   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အခွန်အယူခံ ခုံအဖွဲ့ အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ကောင်စီနယ်မြေ ရုံးအမှတ် (၅၇) ဥတ္တရသီရိမြို့နယ်၌ ယနေ့နံနက် ၉ နာရီတွင်  ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊ ပြည်ထောင်စု    စာရင်းစစ်ချုပ် ဦးတင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု  ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံရုံးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အခွန်အယူခံခုံအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့်  အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးတို့က အခွန်အယူခံခုံအဖွဲ့ အဆောက် အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည် ထောင်စုအစိုးရအဖွဲ့ရုံး  ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးက အခွန်အယူခံခုံအဖွဲ့ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများက    ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး  မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုကြသည်။


ယင်းနောက် အခွန်အယူခံခုံအဖွဲ့  အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခွန်အယူခံခုံအဖွဲ့ အဆောက်အအုံသစ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး   အမှာစကားပြောကြားသည်။        


ဆက်လက်၍   အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အခွန် အယူခံခုံအဖွဲ့ပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အခွန်အယူခံခုံအဖွဲ့ ရုံးသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်၍ တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments

Powered by Blogger.