နိုင်ငံတော်အတွက်အရေးကြီးသော e-Government စနစ် ဖော်ဆောင်ရေးကို သမိုင်းပေး တာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ခံယူပြီးဆောင်ရွက်



နေပြည်တော်   ဒီဇင်ဘာ   ၂၃


နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသစ်ခန့်ထားသည့် အမြဲတမ်းဝန်ထမ်း အငယ်တန်းစာရေး ဝန်ထမ်း ၆၀ တို့ကို အွန်လိုင်းအခြေပြု အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများနှင့် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရာတွင် ထိရောက် အောင်မြင်အောင်  စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍   e-Government အထောက်အကူပြု ရုံးလုပ်ငန်းသုံး အခြေခံကွန်ပျူတာ သင်တန်း ဆင်းပွဲအခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင်     ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က နေပြည်တော်စည်ပင်သာယာရေး ကော်မတီတွင်    ကွန်ပျူတာသင်တန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယခုအမှတ်စဉ် (၁၃/၂၀၂၂)အထိ  ဝန်ထမ်း ၄၉၄ ဦးကို ကွန်ပျူတာအသုံးပြု တတ်မြောက်စေရန် မွေးထုတ်ပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ e-Government စနစ်သည်နည်းပညာအသုံးပြုပြီး စီမံခန့်ခွဲသည့်စနစ်ဖြစ်၍ အစိုးရယန္တရားလည်ပတ်မှု ပိုမိုကောင်းမွန်ကာ    ဌာနအချင်းချင်းဆက်သွယ် ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာဖြင့် လွယ်ကူလျင်မြန်စွာနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီသည် ကနဦးခြေလှမ်းအဖြစ် ရေခွန်ပေး ဆောင်မှုကို    နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းပြီး   အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊       ဆက်လက်၍ကော်မတီ၏ ဝန်ဆောင်မှုများကို    e-Government စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် Digitalization Application များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊    နေပြည်တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် e-Government စနစ် အကောင် အထည်ဖော်ဆောင်ရာတွင်     အရေးကြီးဆုံးအဆင့် ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု (Coordination) အဆင့်ကိုရောက်ရှိ ဆောင်ရွက်လျက်ရှိရာ ဌာနများအားလုံး စနစ်တကျ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ အကျိုးတို့အတွက် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရာတွင် ကျရာအခန်းကဏ္ဍမှ ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုရသူများကို ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်

No comments

Powered by Blogger.