ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း







နေပြည်တော် ဇန်နဝါရီ ၁၄ 


ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။


ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ရန်ကင်း တောရကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တိပိဋကလင်္ကာရသာ မဏေကျော် ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ချမ်းသာရကျောင်းတိုက်၊ ရခိုင်ပြည် နယ်၊ စစ်တွေ မြို့နယ်ရှိ ကျားရုပ်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဘီးလင်း တိုက်သစ်ပရိယတ္တိစာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကြာကန်ကျောင်းတိုက်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ ရတနာမာန်အောင်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်း ကောင်း၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ဓမ္မဗိမာန်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်ရှိ အောင်မြေတံခွန်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မြနန္ဒာ ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်ရှိ အောင်တော်မူကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ တပ်ဦးဥတ္တရာရုံကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ သစ္စာတောရကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက်  တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.