ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး Voice of the South Summit သို့ တက်ရောက်



နေပြည်တော်   ဇန်နဝါရီ   ၁၃


အိန္ဒိယသမ္မတနိုင်ငံမှ Virtual စနစ်ဖြင့် ကျင်းပ သည့် Voice of the South Summit ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ ကို ယနေ့ညနေပိုင်းတွင် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပါဝင်တက်ရောက်သည်။


ဆွေးနွေးပွဲတွင်      ပြည်ထောင်စုဝန်ကြီးက  မြန်မာနှင့်    အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ  နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး   အရေးပါသည့်  စီးပွားရေးမိတ်ဖက် နိုင်ငံများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ ၁၇၀ တွင် အိန္ဒိယနိုင်ငံသည် စတုတ္ထ ကုန်သွယ်မှုအများဆုံး နိုင်ငံဖြစ်ကြောင်း။


ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန် ဒေသတွင်းရှိ အခြားမိတ်ဖက်နိုင်ငံများကိုလည်း တိုက်တွန်းပြောကြားလိုကြောင်း၊    ကုန်သွယ် ရေးနှင့်  ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် ပိုမိုအားကောင်းစေရေးအပြင် စီးပွားရေး အလားအလာ ကောင်းများရှာဖွေရန်၊ ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန်နှင့် ခရီးသွား လုပ်ငန်းများ  ကောင်းမွန်စေရန် တိုက်တွန်းဆောင်ရွက်သွားရေးနှင့်   ပတ်သက်၍ အမြင်ချင်း ဖလှယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ထုတ်လုပ်မှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များ     ဖွံ့ဖြိုးတိုးတက် ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့်  မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ပိုင်းရှိ        နိုင်ငံများ အားလုံးနှင့် နှစ်နိုင်ငံ၊ နိုင်ငံစုံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ   ပူးပေါင်း ချိတ်ဆက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲကို   ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ  ကျင်းပခဲ့ပြီး   နိုင်ငံပေါင်း  ၂၅   နိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ  တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.