အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ



ဘားအံ    ဇန်နဝါရီ  ၁၃


ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်   အစိုးရ နည်းပညာ အထက်တန်းကျောင်း  (ဘားအံ) တို့ ပူးပေါင်းကျင်းပသော   လူငယ်စကားဝိုင်းဆွေးနွေးပွဲကို   ယနေ့ နံနက် ၉ နာရီခွဲက     အဆိုပါ ကျောင်းခန်းမ၌       ကျင်းပသည်။


ဦးစွာ အစိုးရနည်းပညာအထက် တန်းကျောင်း(ဘားအံ)  ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနန်းမိုး မိုးကြည်က     အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး   ဦးစီးဌာန ဘားအံခရိုင်        လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်စကားဝိုင်းကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားသည်။


ထို့နောက်    လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်         လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများ ဖြစ်ကြသည့် မောင်ဟိန်းညီစိုးက  လူငယ်နှင့် အားကစား၊ စောမြတ်ဘုန်းသူက လူငယ်နှင့်   လူမှုဆက်ဆံရေး၊  မောင်ကျော်ဘိုဘိုက   လူငယ်နှင့် အိုင်တီနည်းပညာ၊ နန်းလင်းလင်း ချိုက လူငယ်နှင့်အသက်မွေးဝမ်း ကျောင်း၊ မောင်ထင်အောင်လင်း က လူငယ်နှင့်ပညာရေး ခေါင်းစဉ် များဖြင့် ဦးဆောင်ဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အပြန် အလှန်မေးခွန်းများ   မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။              

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.