အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ







နေပြည်တော် ဇန်နဝါရီ၁၀ 


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။ 


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှု မြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိ လိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာ များကိုရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရ ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်းက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ် အေးချမ်းမှုကို အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် တွန်းလှန်တိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူ ခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ “အဂတိပယ်ခွာ ပြည်သာယာ” ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှု ပပျောက်ရေးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း ရှင်းလင်း‌ပြောကြားသည်။


ကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ် ၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။


ထို့ပြင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီ အစဉ် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် PFP Web Portal အသုံးပြု နည်းသင်တန်း ပို့ချခြင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်တန်း (တောင်ငူ)၊ ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံသင် တန်းအမှတ်စဉ် (၂/၂၀၂၂)တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင် ခန်းစာများ ပို့ချခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.