နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား တွေ့ဆုံအားပေးပြီး အခြေခ ံစားကုန်များ ထောက်ပံ့ပေးအပ်



လွိုင်ကော်     ဇန်နဝါရီ      ၁၃


၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်  ကျရောက်မည့် (၇၁)နှစ် မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်  ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် လွိုင်ကော် လေဆိပ်သို့ ရောက်ရှိကြရာ  ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်၊   အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၊     နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူငယ်များ သင်တန်းကျောင်းမှ  ကျောင်းသားများက အကအလှများဖြင့် နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဦးစောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊  ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဒေါက်တာအေးထွန်းနှင့်        တာဝန်ရှိသူ တို့သည်    လွိုင်ကော်မြို့ ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းသို့ သွားရောက်ပြီး   လွိုင်ကော် ကက်သလစ်သာသနာမှ  ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် ဘုရား ကျောင်းတွင် ယာယီနေထိုင် လျက်ရှိသည့် ကယားပြည်နယ်အတွင်းရှိ  ယာယီနေရပ်စွန့်ခွာသူပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား စသည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည်      ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍   ဆရာတော်ဘဒ္ဒန္တ ဇိနောဘာသအား       ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းခဲ့သည်။   ထို့နောက် ဘုန်းတော်ကြီးကျောင်းရှိ    ယာယီနေရပ်စွန့်ခွာသူပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး  အခြေခံစားကုန်များဖြစ်သော  ဆန်၊ ဆီ၊ ဆား ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။


(၇၁)နှစ်မြောက်  ကယားပြည်နယ်နေ့အခမ်းအနားကို   ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး  ဇန်နဝါရီ ၁၅ ရက်တွင် လွိုင်ကော် မြို့ ကယားပြည်နယ်ခန်းမ၌ ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲ၊ သဝဏ်လွှာဖတ်ပွဲနှင့် လူထုအခမ်းအနား၊   ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခြင်း အခမ်းအနားတို့ကို  ကျင်းပသွားမည်ဖြစ်ပြီး ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်    လွိုင်ကော်မြို့    ဦးသီရိကတ္တရာ ကွန်ကရစ်လမ်းနှင့်  မင်းကျောင်းကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲများ ပြည်နယ်အားကစားကွင်းအတွင်း   မီတာ  ၄၀ဝ   Synthetic ဖွင့်ပွဲ၊   ကိုယ်ကာယလေ့ကျင့်ရေး အားကစားခန်းမဖွင့်ပွဲနှင့် ဌာနဆိုင်ရာ ပြခန်းဖွင့်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။                                                            

သတင်းစဉ်

No comments

Powered by Blogger.