နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်



နေပြည်တော်   ဇန်နဝါရီ   ၁၃


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ကို တစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့သည်။


အဆိုပါ    ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်  ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များအား နေပြည်တော်ကောင်စီ အပါအဝင်  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ  လက်ခံရယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက် ချီးမြှင့်အပ်နှင်းပေးလျက်ရှိ သည်။


ထိုသို့ ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်     တာဝန်ရှိသူများက  ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ အမှတ်(၁) စက်မှုဝန်ကြီးဌာန     ဒုတိယဝန်ကြီး(ငြိမ်း) ဦးသိန်းအောင်(ကိုယ်စား)ဇနီး ဒေါ်စန်းစန်းလွင်ထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။ 


အလားတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက အလင်္ကာကျော်စွာဘွဲ့ရရှိသူ   ဂီတပညာရှင်  စန္ဒရား ချစ်ဆွေ(ကွယ်လွန်) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သန်းသန်း၊ စာရေးဆရာ မောင်မောင်လတ်(နောင်)၊ စည်သူဘွဲ့ရ ရှိသူ နိုင်ငံတော်ကောင်စီဝင် ဦးဇော်ဝင်း(ကွယ်လွန်)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့ဝင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ  စွမ်းအင်ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်ဇော်(ငြိမ်း)၊ သီရိပျံချီဘွဲ့ရရှိသူ တရားရေးရာဌာနဝန်ကြီး ဦးခင်မောင်လတ်(ငြိမ်း)ကိုယ်စား သားဖြစ်သူ ဦးခင်မောင်လေး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ လယ်ယာနှင့်သစ်တောဌာန  ဒုတိယဝန်ကြီး ဦးကျော်ထိန် (ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ရီရီဝင်း၊ သီရိပျံချီဘွဲ့ရရှိသူ ဒုတိယဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်(ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထဲရေး ဝန်ကြီးဌာန ရဲချုပ် ဦးသိန်းအောင်(ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်တင်တင်မြင့်၊ သီရိပျံချီဘွဲ့ရရှိသူ သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင် (ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်ဖြူမာ၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းဝေ(ငြိမ်း)၊ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတိုက်စိုး (ငြိမ်း)၊ သမဝါယမဌာန ဒုတိယဝန်ကြီး ဦးကျော်သန်း(ငြိမ်း)၊ ကျန်းမာရေးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး ထွန်းလှဖြူ (ငြိမ်း) ကိုယ်စား   ဇနီးဖြစ်သူ ဒေါ်သန်းသန်းမေ၊ သီရိပျံချီဘွဲ့ရရှိသူ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဟန်ဇော်(ငြိမ်း)၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်(ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခိုင်နွယ်ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယ စာရင်းစစ်ချုပ် ဒေါ်သင်းသင်း၊ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူစာရေးဆရာ ဦးတင်ခ၊ စာရေး ဆရာ ဒေါက်တာသော်ကောင်း၊ အနုပညာရှင် ဦးညွန့်ဝင်း(ကွယ်လွန်)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်မကြီး၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးချုပ် စန်းကြည်(ငြိမ်း)ကိုယ်စား သမီးဖြစ်သူ ဒေါ်တင်တင်ကြည်၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ ဦးကျောက်ဆောက် သာနိုး(မောင်သာနိုး)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်လေးနွယ်၊ စာရေးဆရာ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး)၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန ဒုတိယဝန်ကြီး ဦးညွန့်မောင် (ငြိမ်း)ကိုယ်စား သမီးဖြစ်သူ ဒေါ်ကြူကြူမောင်၊ အမှတ်(၂)စက်မှုဌာန ဒုတိယဝန်ကြီး ဦးဦးစောလှ (ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်အေးရွှေ၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် မောင်မြင့်(ငြိမ်း)တို့ကို ဂုဏ်ထူးဆောင်ဘွဲ့များအား ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့် အပ်နှင်းကြသည်။


ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က  သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ဦးထွန်းမြင့်ကိုယ်စား မြေးဖြစ်သူ ဦးတင်မြင့်လှိုင်၊ “ဝ” အမျိုးသားပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းလူ(ခ)ဦးဒီကီ ကိုယ်စား သားဖြစ်သူ ဦးခွန်စောမင်းခေါင်၊ ဝဏ္ဏ ကျော်ထင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ရှမ်းပြည်နယ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် ကိုယ်စား ဦးစိုင်းရှောင်းဟန်၊  ဦးကေဗရပျံကိုယ်စား ဇနီးဖြစ်သူ ဒေါ်အယ်နီ၊ အလင်္ကာကျော်စွာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ စာရေးဆရာ ဦးသန်းထွန်းတို့ကို ဆုများပေးအပ် ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံရိုက်ခဲ့ကြကြောင်း  သိရသည်။                                             

သတင်းစဉ်

No comments

Powered by Blogger.