အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးအား အဓမ္မလုပ်အားခိုင်းစေ၍ ညှင်းပန်းနှိပ်စက်သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်




နေပြည်တော် ဇန်နဝါရီ ၂

အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးအား အဓမ္မလုပ်အားခိုင်းစေ၍ ညှင်းပန်းနှိပ်စက်သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကွန်ဒိုင်းကျေးရွာနေ ရေလုပ်ငန်းရှင် ဦးမောင်မောင်ကြည် က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ မောင် ----၊ ၁၄ နှစ်ကို ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မ လုပ်အားခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျုံကဒွန်းနယ်မြေရဲစခန်း၊ (ပ) ၁၃၁/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဖျာပုံခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၃၁ ရက်တွင် တရားခံ ဦးမောင်မောင်ကြည် ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်







No comments

Powered by Blogger.