ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျောက်တံတားနှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး






နေပြည်တော် ဇန်နဝါရီ ၁၄ 


မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၈)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံ တားမြို့နယ် (၉)ရပ်ကွက် ဗိုလ်အောင်ကျော်လမ်း၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့ဝင်များ စာရင်းကောက်ယူနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။


ပြည်ထောင်စုဝန်ကြီးသည် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူ ရေးအဖွဲ့ (Working Group) အဖွဲ့ဝင်များက မြို့နယ်ရုံးများရှိ နိုင်-၄ နှင့် အထစ ပုံစံ (၆၆/၆)ပါ အချက်အလက်များအား e-ID Software ဖြင့် ပြုစုထားသည့် အိမ်ထောင်စု လူဦးရေစာရင်းပါ လူဦးရေစာရင်း အချက်အလက်များကို လက်ရှိမြေပြင် လူဦးရေစာရင်း အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း တိုင်ဆိုင်စစ်ဆေး ဆောင် ရွက်နေမှုကို ကြည့်ရှုအားပေးပြီး တိုင်ဆိုင်စစ်ဆေးသည့် လူဦးရေစာရင်း အချက်အလက် များ စနစ်တကျ ရေးသွင်းမှတ်တမ်းတင်ရန်၊ စာရင်းဇယား မှန်ကန်စေရန်နှင့် အများပြည်သူ ဖြေကြားမှု အဆင်ပြေစေရေးအတွက် အလေးဂရုပြုဆောင်ရွက်ရန် မှာကြားကာ အိမ်ရှင်မိသားစုများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


အလားတူ ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ် (၂၄)ရပ်ကွက် ကျောက် စိမ်းလမ်းအတွင်း၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့များ က တစ်အိမ်တက်ဆင်း လူဦးရေစာရင်း အချက်အလက်များ တိုက်ဆိုင်စစ်ဆေး မေးမြန်း ရေးမှတ်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တွေ့ကြုံရသည့် အခက်အခဲ များကို မေးမြန်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် စာရင်းကောက်ယူရေးအဖွဲ့များကို လူဦးရေစာရင်း အချက်အလက်များ မှန်ကန်ပြည့်စုံစေရေးအတွက် အလေးထား ဆောင်ရွက်ကြရန်မှာကြားပြီး အိမ်ရှင်မိသား စုများကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းအခြေ အနေများကို ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက် အိမ် ထောင်စုပေါင်း (၁၁၇၁၈)စု၊ ကောက်ကွက်ပေါင်း (၃၁)ကွက် ကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက်(၃၈)ရပ်ကွက် အိမ်ထောင်စုပေါင်း (၇၆၆၉၅)စု ကောက်ကွက် ပေါင်း (၂၀၀)ကွက် ကိုလည်းကောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် သတ်မှတ်ကာလအတွင်း လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြီးစီး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။


နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းမှန်ကန်စေရန် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)များဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၉)ရက်မှ (၃၁)ရက်အထိ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.