သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး






နေပြည်တော် ဇန်နဝါရီ ၁၄


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်း အိမ်ရာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်မှု ရှိ/မရှိ အခြေအနေတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက နှစ်ကာလကြာမြင့်ခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုမဟုတ်ဘဲ နေထိုင်သည့်ဝန်ထမ်းများ၏ ပေါ့လျော့မှုနှင့် စည်းကမ်းမရှိခြင်းကြောင့် အိမ်ရာများပျက်စီးပါက နေထိုင်သည့်ဝန်ထမ်းများမှ ပြုပြင်ထိန်းသိမ်းရန်၊ အိမ်ရာ ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အများနည်းတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ သပ်ရပ်သန့်ရှင်းစေရေးကို အမြဲမပြတ်ဆောင်ရွက်ထား ရှိရန်၊ ချမှတ်ထားသောစည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ ဝန်ထမ်းများ အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ နေထိုင်စားသောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ် 

No comments

Powered by Blogger.