ချောက်မြို့နယ်၌ ဆောင်းနေကြာများ စတင်စိုက်ပျိုးလျက်ရှိ

 



ချောက်   ဇန်နဝါရီ   ၁၁


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဆီထွက်သီးနှံကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ယခုနှစ်တွင် ဆောင်းနေကြာအား ၂၀၂၂ခု နှစ် ၊ အောက်တိုဘာလမှစတင်စိုက်ပျိုးခဲ့ရာ  ၄၀၃ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။


ဆောင်းနေကြာစိုက်ပျိုးမှုအား ယခုနှစ်တွင်  ၁၃၂၂ ဧက စိုက်ပျိုးရန်လျာထားပြီး  ၂၀၂၂ခုနှစ် အောက်တိုဘာလမှစ၍ စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ဆောင်းနေကြာ ၄၀၃ဧကစိုက်ပျိုးပြီနေ ပြီဖြစ်ကြောင်း၊ ဆင်းရွှေကြာ(၂)၊ရေဆင်း(၁)စပ်မျိုးနေကြာ နှစ်မျိုးကိုအဓိကထားစိုက်ပျိုးကြောင်း သိရသည်။


အဆိုပါဆောင်းနေကြာများအား စလေဥမင်ကိုးပေါက်လျှပ်စစ်မြစ်ရေတင်မှလည်းကောင်း၊ ပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှလည်းကောင်း ရေသွင်းပြီး ယာမြေ၊ကိုင်းကျွန်းမြေများတွင်အဓိထား၍ သီးထပ်၊သီးညှပ်စိုက်ပျိုးခြင်းအပြင် သီးသန့်စိုက်ပျိုးခြင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ချောက်မြို့နယ်အနေဖြင့် သဲဆန်သည့်မြေအနေအထားဖြစ်သည့် အတွက် ဆောင်းနေကြာ စိုက်ပျိုးမှုအားယခုနှစ်မှစတင်၍ ဆီထွက်သီးနှံကဏ္ဍတိုးတက်ထုတ် လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


(မြို့နယ်ပြန်/ဆက်)

No comments

Powered by Blogger.