ကမ္ဘောဒီးယားနိုင်ငံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရန် အဆင်သင့်ဖြစ်
ဖနောင်ပင်၊ ဧပြီ ၂၇
ကမ္ဘောဒီးယားနိုင်ငံသည် (၃၂) ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်
အဆင်သင့်ဖြစ်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ ခရီးသွားလုပ်ငန်းဝန်ကြီး
သောင်ခွန် က ယနေ့တွင် ပြောကြားသည်။
လာမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်
အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၅၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင် မည်ဟုသိရသည်။
(၃၂)ကြိမ်မြောက် ဆီးဂိမ်းအတွက် ဆောင်ပုဒ်မှာ “Sport: Live in Peace” ဖြစ်ပြီး အားကစားပြိုင်ပွဲအတွက်
အထိမ်းအမှတ်တံဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံး အန်ကောဝပ် ကျောင်းတော်ကို
ကိုယ်စားပြုကြောင်းသိရသည်။ အဆိုပါ အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က
မေ ၅ ရက် တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်က အားကစားရွာကို
တရားဝင်ဖွင့်လှစ်ခဲ့သည်။ အားကစားပြိုင်ပွဲတစ်လျှောက် အားကစားသမားများ၊ နည်းပြများ၊
ဒိုင်လူကြီးများ၊ အကဲဖြတ် ဒိုင်များနှင့် အားကစားကိုယ်စားလှယ်များ နေထိုင်ရေးအတွက်
ဟိုတယ် ၁၁ လုံးကိုလည်း စီစဉ်ထားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-စိုးသူရ

No comments