သီရိလင်္ကာနိုင်ငံရှိ အစိုးရဆေးရုံများ၌ မရှိမဖြစ်လိုအပ်သည့်ဆေးဝါးအမျိုးအစား ၁၀၀ ကျော် ပြတ်လပ်လျက်ရှိ
ကိုလံဘို၊ ဧပြီ ၂၈
သီရိလင်္ကာနိုင်ငံရှိ အစိုးရဆေးရုံများ၌
မရှိမဖြစ်လိုအပ်သည့် ဆေးဝါးအမျိုးအစား ၁၀၀ ကျော် ပြတ်လပ်လျက်ရှိကြောင်း သီရိလင်္ကာကျန်းမာရေးဝန်ကြီး
ကီဟီလီယာ ရမ်ဘူဝီလာက လွှတ်တော်သို့ ယနေ့ပြောကြားသည်။
အစိုးရဆေးရုံများတွင် ဆေးဝါးအမျိုးအစားပေါင်း
၁၃၄၇ ခန့်ကို အသုံးပြုလျက်ရှိသော်လည်း လက်ရှိတွင် ဆေးဝါးအမျိုးအစား ၁၁၂ မျိုး ပြတ်လပ်မှုနှင့်
ရင်ဆိုင်နေရကြောင်း သီရိလင်္ကာကျန်းမာရေးဝန်ကြီး ကီဟီလီယာ ရမ်ဘူဝီလာက ပြောကြားသည်။
အစိုးရသည် ဆေးဝါးတင်သွင်းမှုအတွက် တစ်နှစ်လျှင်
ရူပီး ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၅ သန်း)သုံးစွဲကြောင်း ဝန်ကြီးက ဆိုသည်။
ဆေးဝါးပြတ်လပ်မှုများကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက်
ရူပီးငွေ ၄၀ ဘီလီယံ (ဒေါ်လာ ၁၂၄ သန်း) ကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ တောင်းခံထားကြောင်းနှင့်
ဆေးဝါးပြတ်လပ်မှုများ မကြာမီ ပြီးဆုံးတော့မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
သီရိလင်္ကာဆေးရုံများသည် နိုင်ငံ၏စီးပွားရေး
အကျပ်အတည်းကြောင့် ၂၀၂၂ ခုနှစ်ကတည်းက ဆေးဘက်ဆိုင်ရာ ပစ္စည်းများအပါအဝင် ဆေးဝါးပြတ်လပ်မှုများနှင့်
ရင်ဆိုင်နေရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

No comments