ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ



နေပြည်တော်၊ မေ ၂၉


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ရုံးများသို့ သွားရောက်စစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.